[Zawgyi]

Xiaomi Mi Mix 4 ရဲ႕ သတင္းေတြထြက္ေနတာ အခုထိ မၿပီးေသးပါဘူး။ စက္တင္ဘာလမွာ ေၾကညာမယ္လို႔ ထင္ခဲ့ေပမယ့္ အဲဒီ ဖုန္း အစား Xiaomi က Mi Mix Alpha ကို မိတ္ဆက္ခဲ့ပါတယ္။ Fans တခ်ိဳ႕က ဒီႏွစ္ကုန္မွာ Mi Mix 4 ကို ခ်ျပမယ္လို႔ ထင္ခဲ့ၾကေပမယ့္ ကုမၸဏီရဲ႕ အႀကီးအကဲ တစ္ဦးက ဒီႏွစ္ထဲမွာ Mi Mix 4 ကို မေၾကညာေတာ့ဘူးလို႔ အတည္ျပဳလိုက္ၿပီးေနာက္မွာေတာ့ အသည္းေတြကြဲကုန္ၾကပါတယ္။

အခုေတာ့ Fans ေတြ ၀မ္းသာေစမယ့္ သတင္းတစ္ခု ထြက္လာပါတယ္။ Mi Mix 4 လို႔ထင္ရတဲ့ စမတ္ဖုန္းရဲ႕ ဓါတ္ပံုေတြ အြန္လိုင္းကေန ထြက္ေပၚလာပါတယ္။ ဓါတ္ပံုေတြဟာ ၾကည္ၾကည္လင္လင္ ျပတ္ျပတ္သားသားေတာ့ မဟုတ္ဘဲ မႈန္၀ါးေနပါတယ္။ စမတ္ဖုန္း ဘူးခြံမွာ Mi Mix လို႔ေရးသားထားပါတယ္။

စမတ္ဖုန္းရဲ႕မ်က္ႏွာျပင္ဟာ Vivo Nex 3 မွာလို Waterfall Design ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ ေဘးဘက္ေတြဟာ ေကြးညႊတ္ၿပီး Screen-to-body Ratio က အရမ္းလန္းပါတယ္။ MIUI Skin ထည့္ထားတာ ျမင္ရပါတယ္။

အရင္သတင္းေတြအရ Mi Mix 4 မွာ အရမ္းလန္းတဲ့ 120Hz Refresh Rate Display ပါလာမယ္လို႔ သိရပါတယ္။ အဲဒီအတြက္ ဂိမ္းေတြကစားရင္ ဖလန္းဖလန္းထေနမွာပါ။ Qualcomm ရဲ႕ စတုတၳမ်ိဳးဆက္ Ultrasonic In-display Fingerprint Scanner ပါတဲ့ ကမာၻ႕ ပထမဆံုး စမတ္ဖုန္းျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ လက္ရွိမွာေတာ့ ဒီဓါတ္ပံုေတြက ဖုန္းဟာ Mi Mix 4 ပါလို႔ ေသခ်ာေပါက္ မေျပာႏုိင္ေသးပါဘူး။

Ref : gizmochina

[Unicode]

Waterfall Display ပါတဲ့ Xiaomi Mi Mix 4 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Xiaomi Mi Mix 4 ရဲ့ သတင်းတွေထွက်နေတာ အခုထိ မပြီးသေးပါဘူး။ စက်တင်ဘာလမှာ ကြေညာမယ်လို့ ထင်ခဲ့ပေမယ့် အဲဒီ ဖုန်း အစား Xiaomi က Mi Mix Alpha ကို မိတ်ဆက်ခဲ့ပါတယ်။ Fans တချို့က ဒီနှစ်ကုန်မှာ Mi Mix 4 ကို ချပြမယ်လို့ ထင်ခဲ့ကြပေမယ့် ကုမ္ပဏီရဲ့ အကြီးအကဲ တစ်ဦးက ဒီနှစ်ထဲမှာ Mi Mix 4 ကို မကြေညာတော့ဘူးလို့ အတည်ပြုလိုက်ပြီးနောက်မှာတော့ အသည်းတွေကွဲကုန်ကြပါတယ်။

အခုတော့ Fans တွေ ဝမ်းသာစေမယ့် သတင်းတစ်ခု ထွက်လာပါတယ်။ Mi Mix 4 လို့ထင်ရတဲ့ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ အွန်လိုင်းကနေ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတွေဟာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားတော့ မဟုတ်ဘဲ မှုန်ဝါးနေပါတယ်။ စမတ်ဖုန်း ဘူးခွံမှာ Mi Mix လို့ရေးသားထားပါတယ်။

စမတ်ဖုန်းရဲ့မျက်နှာပြင်ဟာ Vivo Nex 3 မှာလို Waterfall Design ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘက်တွေဟာ ကွေးညွှတ်ပြီး Screen-to-body Ratio က အရမ်းလန်းပါတယ်။ MIUI Skin ထည့်ထားတာ မြင်ရပါတယ်။

အရင်သတင်းတွေအရ Mi Mix 4 မှာ အရမ်းလန်းတဲ့ 120Hz Refresh Rate Display ပါလာမယ်လို့ သိရပါတယ်။ အဲဒီအတွက် ဂိမ်းတွေကစားရင် ဖလန်းဖလန်းထနေမှာပါ။ Qualcomm ရဲ့ စတုတ္ထမျိုးဆက် Ultrasonic In-display Fingerprint Scanner ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ လက်ရှိမှာတော့ ဒီဓါတ်ပုံတွေက ဖုန်းဟာ Mi Mix 4 ပါလို့ သေချာပေါက် မပြောနိုင်သေးပါဘူး။

Ref : gizmochina