Zawgyi

အမ်ဳိးအမည္မသိရေသးတဲ့ Xiaomi ဟန္းဆက္တစ္ခုဟာ ေမာ္ဒယ္နံပါတ္ M1908F1XE ျဖင့္ တရုတ္ႏုိင္ငံတြင္း အသိအမွတ္ျပဳလက္မွတ္တစ္ခုျဖစ္တဲ့ 3C Certification ကို ရရွိခဲ့ေၾကာင္း ေပၚထြက္လာပါတယ္။ ဒါ့ေၾကာင့္ မၾကာခင္ တရုတ္ျပည္တြင္းမွာ ထြက္ေပၚလာမွာျဖစ္ၿပီး အင္တာနက္ေပၚမွာ သူ႕အေၾကာင္းကို ပိုၿပီးျမင္ေတြ႕လာရေတာ့မွာပါ။

3C စာရင္းထဲမွာ ဖုန္းအေၾကာင္း သိပ္အမ်ားႀကီးေဖာ္ျပမထားေပမယ့္ ဒီဖုန္းဟာ အလြန္ျမန္ဆန္တဲ့ 45W အားအျမန္သြင္းစနစ္နဲ႔ ဆုိတာကို ထုတ္ေဖာ္ျပခဲ့ပါတယ္။ ဒါဟာ Xiaomi အတြက္ လက္ရွိအျမန္ဆုံး Fast Charging စနစ္ျဖစ္ၿပီး Flagship အဆင့္ စမတ္ဖုန္းလို႔ ယူဆရစရာပါ။

ဒါ့အျပင္ Mi Mix စီးရီးဟာ အခုႏွစ္ပိုင္းအတြင္းမွာ အသစ္ထြက္ျပရမယ့္ အလွည့္ျဖစ္လာတာေၾကာင့္ ဒီဖုန္းဟာ Mi Mix 4 ပဲျဖစ္မယ္လို႔ ယူဆေနၾကတာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Xiaomi က ဒီဖုန္းကို Mi Mix 2019 သို႔မဟုတ္ Mi Mix 4 ဒါမွမဟုတ္ တရုတ္ျပည္တြင္းမွာ နံပါတ္ေလးဟာ ကံဆုိးတဲ့ဂဏန္းျဖစ္တာေၾကာင့္ Mi Mix 5 ဆုိၿပီး ေခၚလာမလား ဆုိတာ မသိရေသးပါဘူး။ ဒါေပမယ့္လည္း ကုမၸဏီဟာ အရင္ကေတာ့ Mi 4 နဲ႔ Redmi Note 4 တုိ႔ကို ထုတ္လုပ္ခဲ့ဖူးတာကိုလည္း အမွတ္ရသင့္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Xiaomi Flagship စမတ္ဖုန္းအသစ္တစ္လုံးကေတာ့ မၾကာခင္ လူႀကီးမင္းတုိ႔ေရွ႕ကို ေရာက္လာဦးမွာပါ။ Flagship အဆင့္ျဖစ္တာေၾကာင့္ အခုတေလာ ေရပန္းစားေနတဲ့ Snapdragon 855+ ခ်စ္ပ္ဆက္သာမက 64 MP ကင္မရာတုိက္ပြဲထဲမွာေတာင္ ပါဝင္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

အမျိုးအမည်မသိရသေးတဲ့ Xiaomi ဟန်းဆက်တစ်ခုဟာ မော်ဒယ်နံပါတ် M1908F1XE ဖြင့် တရုတ်နိုင်ငံတွင်း အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်တဲ့ 3C Certification ကို ရရှိခဲ့ကြောင်း ပေါ်ထွက်လာပါတယ်။ ဒါ့ကြောင့် မကြာခင် တရုတ်ပြည်တွင်းမှာ ထွက်ပေါ်လာမှာဖြစ်ပြီး အင်တာနက်ပေါ်မှာ သူ့အကြောင်းကို ပိုပြီးမြင်တွေ့လာရတော့မှာပါ။

3C စာရင်းထဲမှာ ဖုန်းအကြောင်း သိပ်အများကြီးဖော်ပြမထားပေမယ့် ဒီဖုန်းဟာ အလွန်မြန်ဆန်တဲ့ 45W အားအမြန်သွင်းစနစ်နဲ့ ဆိုတာကို ထုတ်ဖော်ပြခဲ့ပါတယ်။ ဒါဟာ Xiaomi အတွက် လက်ရှိအမြန်ဆုံး Fast Charging စနစ်ဖြစ်ပြီး Flagship အဆင့် စမတ်ဖုန်းလို့ ယူဆရစရာပါ။

ဒါ့အပြင် Mi Mix စီးရီးဟာ အခုနှစ်ပိုင်းအတွင်းမှာ အသစ်ထွက်ပြရမယ့် အလှည့်ဖြစ်လာတာကြောင့် ဒီဖုန်းဟာ Mi Mix 4 ပဲဖြစ်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Xiaomi က ဒီဖုန်းကို Mi Mix 2019 သို့မဟုတ် Mi Mix 4 ဒါမှမဟုတ် တရုတ်ပြည်တွင်းမှာ နံပါတ်လေးဟာ ကံဆိုးတဲ့ဂဏန်းဖြစ်တာကြောင့် Mi Mix 5 ဆိုပြီး ခေါ်လာမလား ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ အရင်ကတော့ Mi 4 နဲ့ Redmi Note 4 တို့ကို ထုတ်လုပ်ခဲ့ဖူးတာကိုလည်း အမှတ်ရသင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Xiaomi Flagship စမတ်ဖုန်းအသစ်တစ်လုံးကတော့ မကြာခင် လူကြီးမင်းတို့ရှေ့ကို ရောက်လာဦးမှာပါ။ Flagship အဆင့်ဖြစ်တာကြောင့် အခုတလော ရေပန်းစားနေတဲ့ Snapdragon 855+ ချစ်ပ်ဆက်သာမက 64 MP ကင်မရာတိုက်ပွဲထဲမှာတောင် ပါဝင်လာနိုင်ပါတယ်။

Ref – GSM Arena