Mark Zuckerberg ရဲ့ Threads လူမှုကွန်ရက်အသစ်ရဲ့ သတင်းတွေ ဒီတစ်ပတ်ထဲမှာ ကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ အဲဒီ App ကို ဒီတစ်ပတ် အစောပိုင်းမှာ ဖြန့်ချိခဲ့ပြီး တွစ်တာကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာပါ။ Threads ကို ဖြန့်ချိအပြီး ၄၈ နာရီအတွင်းမှာ Singup လုပ်သူ အလွန်များပြားခဲ့ပါတယ်။ အခုတော့ တစ်ပတ်အတွင်းမှာ သုံးစွဲသူ ၉၉ သန်းကျော်ရှိလာပြီ ဖြစ်ပြီး မကြာခင် သန်း ၁၀၀ ပြည့်တော့မှာပါ။

သုံးစွဲသူ သန်း ၁၀၀ ပြည့်ဖို့ TikTok ဟာ ၉ လကြာခဲ့ပြီး ChatGPT က ၂ လကြာခဲ့ပါတယ်။ Instagram က ၂ နှစ်ခွဲကြာမှ သုံးစွဲသူ သန်း ၁၀၀ ပြည့်တာ ဖြစ်ပါတယ်။ Threads ကို အခုလို သုံးစွဲသူ အချိန်တိုအတွင်း အလွန်များပြားတာက သုံးစွဲသူ ၁.၆ ဘီလီယမ် ရှိတဲ့ Instagram နဲ့ ချိတ်ဆက်ထားလို့ ဖြစ်ပါတယ်။ Instagram အကောင့် ရှိသူတွေဟာ Threads မှာ လွယ်ကူစွာ Signup လုပ်နိုင်ပါတယ်။

Twitter Warns Meta of Legal Action Over Threads App – Rolling Stone

Threads ကို စတင် ဖြန့်ချိပြီးနောက်မှာ တွစ်တာက မိခင် ကုမ္ပဏီ Meta ကို တရားစွဲမယ်လို့ ခြိမ်းခြောက်တဲ့ စာတစ်စောင်ကို ကြေညာခဲ့ပါတယ်။ အဲဒီစာမှာ Meta ဟာ တွစ်တာရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ တွစ်တာ ဝန်ထမ်းဟောင်းတွေကို အလုပ်ခန့်ထားတယ်လို့ စွပ်စွဲထားပါတယ်။ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Threads အင်ဂျင်နီယာ အဖွဲ့မှာ တွစ်တာ ဝန်ထမ်းဟောင်းတွေ မပါဘူးလို့ ငြင်းဆိုထားပါတယ်။

၄၈ နာရီအတွင်း Threads ကို အသုံးပြုသူ အလွန်များပြားတာဟာ Instagram သုံးစွဲသူတွေကြောင့်လို့ ပြောလို့ရသလို Threads App ရဲ့ စွဲဆောင်မှုကောင်းလို့လည်း ဖြစ်ပါတယ်။ Threads ဟာ Messaging App နယ်ပယ်မှာ ကြောက်စရာကောင်းတဲ့ ပြိုင်ဖက် ဖြစ်လာမှာပါ။

Ref : gizmochina