Amazfit ဟာ အခုအချိန်မှာ စျေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ Smartwatch တွေထုတ်လုပ်တဲ့နေရာမှာ အောင်မြင်တဲ့ကုမ္ပဏီတစ်ခုလို့ ပြောရမှာပါ။ အခုလည်း Amazfit ကနေ Amazfit Pop Pro နဲ့ GTS 2 Mini လို့ နာမည်ပေးထားတဲ့ Smartwatch ၂ မျိုးကို ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။

Amazfit Pop Pro Smartwatch ဟာ India နိုင်ငံမှာ Amazfit Bip U နာမည်နဲ့ရောင်းချနေတဲ့ Smartwatch နဲ့ Design ဆင်တူနေမှာဖြစ်ပါတယ်။ Display အနေနဲ့ 1.43″ LCD Display ကိုမှ Bluetooth 5.0 ၊ 5ATM Water Resistant နဲ့ အားကစားပြုလုပ်ဖို့အတွက် Sport Mode အမျိုးအစားပေါင်း ၆၀ ခန့်ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 225mAh Battery ပါဝင်မှာဖြစ်ပြီး ဆက်တိုက်အသုံးပြုမယ်ဆိုရင် ၉ ရက်ဆက်တိုက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Amazfit Pop Pro Smartwatch မှာ အားသာချက်အနေနဲ့ကတော့ GPS ပါဝင်လာတာဖြစ်ပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့မလိုအပ်ဘဲ GPS တည်နေရာကို သိရှိနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၃၉၉ (မြန်မာငွေ ၈ သောင်းဝန်းကျင်) ရှိမှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ Black ၊ Green နဲ့ Pink ဆိုပြီး ရောင်းချသွားမှာပါ။

Amazfit GTS 2 Mini အနေနဲ့ကတော့ လက်ရှိရောင်းချနေတဲ့ Amazfit GTS 2 Smartwatch နဲ့ Feature တွေအကုန်လုံးတူညီမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ အရွယ်အစားအနေနဲ့ 1.55″ AMOLED Display ကိုပြောင်းလဲသုံးစွဲလိုက်တဲ့အတွက် ပိုပြီး သေးငယ်သွားမှာဖြစ်ပါတယ်။

Battery အနေနဲ့လည်း 220mAh ပဲပါဝင်မှာဖြစ်ပြီး Heavy Usage မှာ ၇ ရက်၊ ပုံမှန်အသုံးပြုမှုတွေမှာ ၁၄ ရက်နဲ့ Basic Usage နဲ့ဆိုရင်တော့ ၂၁ ရက်အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၆၉၉ (မြန်မာငွေ ၁ သိန်း ၄ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Pink ၊ Green နဲ့ Black ဆိုပြီး အရောင် ၃ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena