AMD နဲ့ OnePlus တို့ဟာ လာမဲ့ CES 2022 နည်းပညာပြပွဲ မှာ ရုပ်ပိုင်းဆိုင်ရာအရ ပါဝင်တော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ သူတို့ဟာ CES 2022 ကို Physically အစား Virtually ပဲ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ COVID-19 ရဲ့ ဗီဇပြောင်း Omicron ပျံ့နှံ့လာမှုကြောင့်ပဲ ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာတော့ AMD က “AMD အနေနဲ့ အလေးအနက်ဆွေးနွေးကြပြီးတဲ့နောက် Las Vegas မှာကျင်းပပြုလုပ်မဲ့ CES 2022 နည်းပညာပြပွဲကြီးမှာ ကျွန်တော်တို့အနေနဲ့ လူကိုယ်တိုင်ရောက်ရှိနေကြခြင်းကို ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ကြပြီး၊ အဲဒီအစား Virtual အတွေ့အကြုံကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။” လို့ တွေ့ရှိရပါတယ်။

“ကျွန်တော်တို့ရဲ့ လူကိုယ်တိုင်ပါဝင်ဆောင်ရွက်မဲ့ ကိစ္စတွေဟာ အခုအချိန်မှာ Virtual အဖြစ်ကို ပြောင်းသွားသွားတော့မှာပါ။ ဒါဟာ ကျွန်တော်တို့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူမှုအသိုက်အဝန်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းစေရေးကို စိတ်ပါဝင်စားတဲ့အတွက်ပါပဲ” လို့လည်း ကြေညာချက်မှာ ဆက်လက်ဖက်ရှုရပါတယ်။

AMD ဟာ သူတို့ကြေညာထားတဲ့အတိုင်း CES 2022 ကို လူကိုယ်တိုင်ပါဝင်တော့မှာမဟုတ်ပေမဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ သူတို့ကြေညာထားတဲ့အစီအစဉ်တွေအတိုင်း ဆက်ပြီးပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

OnePlus ဟာ CES 2022 နည်းပညာပြပွဲမှာ ရုပ်ပိုင်းဆိုင်ရာ ပါဝင်မှာမဟုတ်တဲ့အကြောင်းကို Bloomberg က Mark Gurman က ဦးဆုံးဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီသတင်းကို CNET က အတည်ပြုခဲ့ပါတယ်။ OnePlus ဟာ CES 2022 နည်းပညာပြပွဲမှာ OnePlus 10 Pro ကို Virtually ပဲ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

OnePlus ရဲ့ CEO ဖြစ်သူ Pete Lau က OnePlus 10 Pro ကို ဇန်နဝါရီလမှာ ပွဲထုတ်မယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ OnePlus 10 Pro ကို CES 2022 မှာ ပွဲထုတ်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

T-Mobile, Microsoft, Google နဲ့ Intel အစရှိတဲ့ကုမ္ပဏီတွေကလည်း CES 2022 ကို Virtually သာ တက်ရောက်ကြမှာဖြစ်ပါတယ်။ CES (Consumer Electronics Show) ကို လာမဲ့ ဇန်နဝါရီလ ၅ ရက်ကနေ ၈ ရက်နေ့အထိ Las Vegas မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref: Phone Arena