မြန်မာနိုင်ငံရဲ့ EDM လို့လူသိများကြတဲ့ အီလက်ထရောနစ်တေးဂီတ ပရိသတ်တွေစီးမျောပျော်ရွှင်ခဲ့ကြတဲ့ Full Moon EDM Party မှာ ananda (အနန္တ) က Infinity Hub နဲ့အတူ အမှတ်တံဆိပ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

ananda (အနန္တ) ဆိုတာ မြန်မာနိုင်ငံအတွက် အသစ်ဝင်ရောက်လာတဲ့ တဦးချင်းနဲ့ လုပ်ငန်းအစုအဖွဲ့နဲ့ အင်တာနက်အသုံးပြုသူတွေအတွက် သုံးစွဲလိုက်ရတဲ့ ငွေကြေးကို ထိုက်ထိုက်တန်တန်ပြန်လည်ရရှိနိုင်မယ့် မြန်ဆန်ကောင်းမွန်ပြီး အရည်အသွေးကို စိတ်ချယုံကြည်ရတဲ့ 4G+ Operator အသစ်ပဲဖြစ်ပါတယ်။ ananda (အနန္တ) ဟာ သူ့ရဲ့ ဝန်ဆောင်မှုတွေကို ၂၀၁၈ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်း စတင်ဝန်ဆောင်မှုပေးသွားမှာလည်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်သုံးစွဲသူတွေကို သူတို့လိုချင်နေတဲ့ လူနေမှုဘဝပုံစံမျိုးနဲ့ အဆုံးမရှိတဲ့ အခွင့်အလမ်းတွေကို ထိုက်ထိုက်တန်တန် ရရှိစေချင်ပါတယ်။ ကျွန်မတို့ ananda (အနန္တ) အနေနဲ့ စစ်မှန်တဲ့ ဒစ်ဂျစ်တယ် အတွေ့အကြုံ ခံစားမှုတွေကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Amara Communications Co., Ltd. ၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်အေးမြမြကြည်မှ ပြောကြားခဲ့ပါတယ်။


ဒီဂျစ်တယ်ခေတ်ကို ထင်ဟပ်နေစေတဲ့ သွက်လက်လန်းဆန်းတဲ့ ananda (အနန္တ) အမှတ်တံဆိပ်ကို အစိမ်းကြောင်း စီးကြောင်းသုံးလိုင်းဖြင့်ဖော်ဆောင်ထားပြီး ananda (အနန္တ) ဆိုတဲ့နာမည်ဟာလည်း ပါဠိစကားအရ အဆုံးမရှိခြင်း လို့ အဓိပ္ပါယ်ရှိတဲ့ စကားလုံးတစ်ခုပဲဖြစ်ပါတယ်။ ananda (အနန္တ) ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Live More” ဆိုတဲ့ စာသားနဲ့အတူ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေကို ဒီဂျစ်တယ်ခေတ်သစ်တစ်ခုဆီကို ခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

“Live more (ပိုမိုပြည့်စုံစွာ ရှင်သန်နေထိုင်ပါ) ဆိုတဲ့ Tagline ရဲ့ အဓိပ္ပါယ်ဆိုတာဟာ ဘဝအတွေ့အကြုံကို ပြည့်ပြည့်ဝဝခံစားခြင်းလို့ အဓိပ္ပါယ်ပြန်ဆိုနိုင်သလို အင်တာနက်ဆိုတာ ကျွန်မတို့ရဲ့ ဘဝတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အချိန်မှာ ဗွီဒီယိုတွေကို အွန်လိုင်းကနေ အထစ်အငေါ့မရှိ ကြည့်တာဖြစ်ဖြစ်၊ အွန်လိုင်းကနေတဆင့် စာသင်ကြားဖို့ဖြစ်ဖြစ် ဒါမှမဟုတ် ဖေ့စ်ဘုတ်ကနေလွှင့်တင်နေကြ တဲ့ ဂီတပွဲတော်ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ပဲဖြစ်ဖြစ် အစရှိတဲ့ ဒီလိုကြွယ်ဝတဲ့ အတွေ့အကြုံတွေ လေ့လာမှုတွေကို ananda (အနန္တ) နဲ့ ကျယ်ကျယ်ပြန့်ပြန့် အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်” ဟု ဒေါ်အေးမြမြကြည်က ဖြည့်စွက်ပြောကြားခဲပါသေးတယ်။


Full Moon Party နဲ့အတူ ananda (အနန္တ) က သူရဲ့ ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ပြသဖျော်ဖြေမှုများနဲ့အတူ မီဒီယာများကို အမှတ်တံဆိပ်မိတ်ဆက်ခြင်းတွေကို ထူးခြားစွာပြုလုပ်သွားခဲ့ပြီး ဈေးကွက်ထဲမှာ ဝန်ဆောင်မှုပေးတဲ့အချိန်မှာ အမြန်ဆုံးခံစားအသုံးပြုနိုင်ရန်အတွက် ananda ရဲ့ Website ဖြစ်တဲ့ www.ananda.com.mm နဲ့ Facebook Page ဖြစ်တဲ့
www.facebook.com/anandalivemore တို့မှာ ကြိုတင်စာရင်းပေးသွင်းနိုင်နေပြီလို့လည်း သိရပါတယ်။