ပုံမှန်အားဖြင့် Windows 10 အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာပဲ ပါဝင်တဲ့ Microsoft Edge Browser ဟာဆိုရင် အခုအချိန်မှာ Mobile Devices တွေမှာပါ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။

Microsoft Edge Browser က အခုမှ Android နဲ့ iOS Devices တွေအတွက် စတင်ထွက်ရှိလာတဲ့ Web Browser တစ်ခုဖြစ်ပြီးတော့ အသုံးပြုရတာလည်း မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။

Microsoft Edge Browser ကို အသုံးပြုနေတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ Bookmarks တွေ၊ History နဲ့ Save ထားတဲ့ Password တွေအကုန်လုံးကို ဖုန်းနဲ့ ကွန်ပျူတာမှာ အလိုအလျောက် Sync ပြုလုပ်ပေးဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Continue On PC ဆိုတဲ့ Feature တစ်ခုပါဝင်တဲ့အတွက် ဖုန်းနဲ့ ကြည့်ရှုနေရင်း ကွန်ပျူတာမှာ ရှိတဲ့ Microsoft Edge Browser ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Microsoft Edge Browser ကို Android Devices တွေအတွက် Google Play Store နဲ့ iOS Device တွေအတွက် App Store မှာ Download ရယူနိုင်ပြီဖြစ်ပါတယ်။