Zawgyi

Google ကေန Android 10 Stable Update ကို ၿပီးခဲ့တဲ့စက္တင္ဘာလ အေစာပိုင္းတုန္းက စတင္ထုတ္ေပးထားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Android 10 Stable Update ဟာ Google Pixel Series ဖုန္းေတြပဲ အဓိကအေနနဲ႔ ထြက္ထြက္ျခင္း Update လုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ Update ျမန္ဆန္တဲ့ OnePlus ကိုယ္တိုင္ကလည္း Android 10 Update ကို ထုတ္ေပးႏိုင္ခဲ့ေပမယ့္ Stable Version မဟုတ္တဲ့ Open Beta Update ကိုပဲ ထုတ္ေပးခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ OnePlus ကေန Stable Android 10 Update ကို OnePlus 7 နဲ႔ 7 Pro ဖုန္းေတြအတြက္ ထုတ္ေပးလိုက္ပါၿပီ။

အခု Android 10 Update နဲ႔အတူ OxygenOS ကိုလည္း Version 10 အေနနဲ႔ ထုတ္ေပးလိုက္တာျဖစ္ၿပီးေတာ့ OnePlus 7 နဲ႔ OnePlus 7 Pro ဖုန္းေတြအသုံးျပဳေနတဲ့သူေတြအေနနဲ႔ System Update ကေနပဲ အလြယ္တကူ Update ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ Staged Manner အဆင့္မွာပဲရွိေနေသးတဲ့အတြက္ တခ်ိဳ႕ Device ေတြမွာ အခ်ိန္အနည္းငယ္ေစာင့္ဆိုင္းရဖို႔ရွိေနပါတယ္။

ဒီ OxygenOS 10 Update မွာဆိုရင္ Android 10 ျဖစ္သြားတဲ့အျပင္ Brand New UI Design ၊ Location Permission အသစ္ေတြ၊ Full Screen Gesture နဲ႔ Game Space ၊ Smart Display လိုမ်ိဳး Feature အသစ္ေတြလည္း ပါဝင္လာမွာျဖစ္ပါတယ္။

OnePlus ကေန လာမယ့္စက္တင္ဘာလ ၂၆ ရက္ေန႔မွာလည္း OnePlus 7T Series စမတ္ဖုန္းအသစ္ေတြကို မိတ္ဆက္လာဦးမွာျဖစ္ၿပီး အဆိုပါ OnePlus 7T Series ဖုန္းေတြကလည္း Android 10 ကို အေျခခံထားတဲ့ OxygenOS 10 ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Google ကနေ Android 10 Stable Update ကို ပြီးခဲ့တဲ့စက်တင်ဘာလ အစောပိုင်းတုန်းက စတင်ထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Android 10 Stable Update ဟာ Google Pixel Series ဖုန်းတွေပဲ အဓိကအနေနဲ့ ထွက်ထွက်ခြင်း Update လုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Update မြန်ဆန်တဲ့ OnePlus ကိုယ်တိုင်ကလည်း OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေနဲ့အပြိုင် တစ်ရက်ထဲမှာ Android 10 Update ကို ထုတ်ပေးနိုင်ခဲ့ပေမယ့် Stable Version မဟုတ်တဲ့ Open Beta Update ကိုပဲ ထုတ်ပေးခဲ့တာပါ။ အခုအချိန်မှာတော့ OnePlus ကနေ Stable Android 10 Update ကို OnePlus 7 နဲ့ 7 Pro ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပါပြီ။

အခု Android 10 Update နဲ့အတူ OxygenOS ကိုလည်း Version 10 အနေနဲ့ ထုတ်ပေးလိုက်တာဖြစ်ပြီးတော့ OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေအသုံးပြုနေတဲ့သူတွေအနေနဲ့ System Update ကနေပဲ အလွယ်တကူ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Staged Manner အဆင့်မှာပဲရှိနေသေးတဲ့အတွက် တချို့ Device တွေမှာ အချိန်အနည်းငယ်စောင့်ဆိုင်းရဖို့ရှိနေပါတယ်။

ဒီ OxygenOS 10 Update မှာဆိုရင် Android 10 ဖြစ်သွားတဲ့အပြင် Brand New UI Design ၊ Location Permission အသစ်တွေ၊ Full Screen Gesture နဲ့ Game Space ၊ Smart Display လိုမျိုး Feature အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

OnePlus ကနေ လာမယ့်စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း OnePlus 7T Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်လာဦးမှာဖြစ်ပြီး အဆိုပါ OnePlus 7T Series ဖုန်းတွေကလည်း Android 10 ကို အခြေခံထားတဲ့ OxygenOS 10 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena