OnePlus ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက Android OS Update ပိုင်းမှာ အမြန်ဆန်ဆုံးစမတ်ဖုန်းကုမ္ပဏီတစ်ခုလို့ ပြောနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Samsung လိုမျိုး ကုမ္ပဏီတွေက Software Update ပိုင်းကို ပိုပြီးအာရုံစိုက်လာတာကို တွေ့ရပါတယ်။

အခုလည်း OnePlus ဟာ ပြီးခဲ့နှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ OnePlus 7 နဲ့ 7T ဖုန်းတွေအတွက် Android 11 Update ကို နှောင့်နှေးလိုက်ရတဲ့ပုံစံပါပဲ။ အစောပိုင်းတုန်းက အဆိုပါဖုန်းတွေဟာ ယခုနှစ်မကုန်ခင်မှာ Android 11 Update ရရှိမှာဖြစ်ပေမယ့် အခုအချိန်မှာတော့ အချိန်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

အခုလိုမျိုး နှောင့်နှေးတာကလည်း Update ပြုလုပ်ပြီးတဲ့အချိန်မှာ Data Decryption Failure ဖြစ်ပွားတဲ့ ပြဿနာကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဆိုပါ ပြဿနာက တရုတ်နိုင်ငံအတွင်းအသုံးပြုဖို့ထုတ်ထားတဲ့ Hydrogen OS 11 မှာ ဖြစ်ပွားနေတာဖြစ်ပြီး Global Oxygen OS 11 အတွက်ကတော့ ပိုပြီး အချိန်ကြာမြှင့်ဖွယ်ရှိနေပါတယ်။

OnePlus ဟာ Oxygen OS 11 မှာ UI Design ပိုင်းကို သိသိသာသာပြောင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ယခင် Oxygen OS ထက် Samsung ရဲ့ OneUI နဲ့တောင် ပိုပြီး ဆင်တူတယ်ဆိုပြီး ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus Nord N10 5G နဲ့ Nord N100 ဖုန်းတွေအတွက်လည်း Major OS Update ၁ မျိုးပဲ ထုတ်ပေးသွားမယ်ဆိုပြီး ကြေညာခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး OnePlus အနေနဲ့ Software Update ပိုင်းမှာ ယခင်ကထက် ပိုပြီး ပြဿနာတွေကြုံတွေ့နေရတဲ့အတွက် နောက်ပိုင်းထွက်ရှိလာမယ့် OnePlus ဖုန်းတွေအနေနဲ့ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – 9to5Google