Google ကနေ Android 8.0 Oreo Update ကို ကြေငြာခဲ့တာဟာဆိုရင် အခုလအတော်ကြာသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိသိရသလောက်ကတော့ ဒီတစ်ခါထထွက်ရှိလာတဲ့ Android Update က Google ကထုတ်လုပ်ခဲ့သမျှ Android Version တွေအကုန်လုံးထဲမှာ သုံးစွဲမှုအနှေးဆုံး Update တစ်ခုဖြစ်နေပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ လတုန်းက Android Oreo ကို အသုံးပြုထားတဲ့ Android စမတ်ဖုန်းတွေရဲ့ ၀.၅ ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်ပြီးတော့ အခုတစ်လကြာသွားပေမယ့်လည်း ၀.၇ ရာခိုင်နှုန်းကိုပဲ ရောက်ရှိလာပြီး ၀.၂ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အသုံးအများဆုံးသော Android Version က Andoid 6.0 Marshmallow ဖြစ်နေပြီးတော့ ၂၈.၆ ရာခိုင်နှုန်းရယူထားတာပဲဖြစ်ပါတယ်။ သူ့နောက်မှာတော့ Android Nougat 7.0 က ၂၁.၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ အဲ့ဒီအတွက် Android 7.0 Nougat ကနေ Android 8.0 Oreo Update ကို Update ပြုလုပ်ပေးနိုင်တဲ့ စမတ်ဖုန်းတွေက အလွန်နည်းပါးနေသေးတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

သင့် Android ဖုန်းရဲ့ Android Version ကရော ဘယ်လောက်ပါလဲ?