Android Version တွေက တစ်ခုနဲ့တစ်ခုအဆင့်ပိုမြင့်လာတာနဲ့အမျှ Features တွေပိုပြီး အဆင့်မြင့်လာတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ Android ဖုန်းတွေအတွက် Application တွေက File Size တဖြည်းဖြည်းကြီးမားလာပြီး ဂိမ်းတစ်ခုထဲနဲ့တင် 1GB, 2GB လောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမယ့် Android ဖုန်းတွေရဲ့ Storage က မမြင့်မားသေးပဲ 64GB၊ 128GB ဖုန်းတွေရှိတယ်ဆိုပေမယ့် အများစုကတော့ 16GB နဲ့ 32GB သုံးထားတဲ့ဖုန်းတွေကိုပဲ အသုံးပြုနေကြတုန်းပါ။ အဲ့ဒီအတွက် Storage ပြည့်ပြီး ဘာမှထပ်ထည့်လို့မရတဲ့ပြဿနာက အမြဲတမ်းကြုံနေရပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး သိရတဲ့သတင်းတွေအရတော့ Google ကနေ အခုလို ပြဿနာမျိုးမဖြစ်ရအောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ Google က အခုထွက်ရှိလာမယ့် Android 8.1 Oreo Update မှာ အသုံးမပြုဖြစ်တဲ့ App တွေကို အလိုအလျောက် File Size ချူံ့လိုက်ပြီး Downgrade ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Downgrade ပြုလုပ်တယ်ဆိုတာက တနည်းပြောရရင် ကိုယ်မသုံးဖြစ်တဲ့ App ရဲ့ Cache Memory တွေကို ဖျက်ပစ်ပြီး နောက်ထပ်အသုံးမပြုခင်အထိ Application တစ်ခုအနေနဲ့ပဲ သိမ်းဆည်းထားလိုက်တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Google Chrome လို App ကတင် တခါတလေ Cache Memory ကို 1GB လောက်ထိ နေရာယူနေတာဆိုတော့ ဒါက နောက်ထွက်လာမယ့် Android ဖုန်းတွေအတွက်အလွန်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။