Android ဟာ သူ့ရဲ့ တီထွင်ဆန်းသစ်မှုကို ရပ်တန့်လိုက်ပြီလားဆိုတဲ့ မေးခွန်းတွေ ဆူညံနေချိန်မှာပဲ Google က Android handsets တွေအတွက် သေးငယ်ပေမဲ့ အသုံးဝင်တဲ့ ပြောင်းလဲမှုတစ်ခုကို ယူဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ အသုံးပြုသူရဲ့ Android ကို Airplane mode လုပ်ထားချိန်မှာလည်း Bluetooth နဲ့ Wi-Fi နှစ်မျိုးစလုံးကို ဖွင့်ထားနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

Notification မှာတော့ “Wi-Fi on in airplane mode” ကို မြင်တွေ့ရပါလိမ့်မယ်။ အကယ်၍ Wi-Fi ကို ဆက်ပြီး ဖွင့်ထားမယ်ဆိုရင် နောက်တစ်ကြိမ် Airplane mode လုပ်ထားချိန်မှာလည်း Wi-Fi က ပွင့်နေမှာပဲ ဖြစ်ပါတယ်။ အကယ်၍ Notification ကို ထိလိုက်ရင်တော့ “Keep your Android’s wireless connections on in Airplane mode” ဆိုတဲ့ခေါင်းစဉ်နဲ့ ပံ့ပိုးမှုစာမျက်နှာဆီ ရောက်ရှိသွားပါလိမ့်မယ်။

အသုံးပြုသူက Airplane mode ကို ပထမဆုံးစတင်ဖွင့်လိုက်ချိန်မှာ Bluetooth နဲ့ Wi-Fi တွေကို ပိတ်ထားကြောင်း Google က ပြောပါတယ်။ အရင်တုန်းကတော့ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Bluetooth ပါဝါသုံး နားကြပ်တွေ၊ ဒါမှမဟုတ် စမတ်နာရီကို Airplane mode ဖွင့်ထားတဲ့အခါတိုင်းမှာ Bluetooth အလုပ်လုပ်နေဖို့အတွက် ခွင့်ပြုခဲ့ပါတယ်။

အခုတော့ Airplane mode လုပ်ထားလည်း Wi-Fi ပွင့်နေတဲ့အတွက် ပိုပြီးအဆင်ပြေပြေ အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။ Wi-Fi ဝန်ဆောင်မှုပေးတဲ့ လေကြောင်းလိုင်းတွေလည်းရှိတာကြောင့် Airplane mode လုပ်လိုက်ချိန် ဆယ်လူလာရေဒီယိုတွေ ပိတ်သွားပေမဲ့လည်း Signal တစ်ခုကိုတော့ ချိတ်ဆက်မှု ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

Bluetooth နဲ့ Wi-Fi နှစ်ခုလုံး ဖွင့်တာပဲဖြစ်ဖြစ်၊ နှစ်ခုလုံးကို ပိတ်ထားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခုကိုဖွင့်ပြီး၊ တစ်ခုကိုပိတ်တာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူရဲ့ Android ဖုန်းဟာ  Airplane mode ကို နောက်ဆုံးဖွင့်လိုက်တဲ့အချိန်တုန်းက Setting ကို မှတ်ထားမှာဖြစ်ပြီး နောက်တစ်ကြိမ် Airplane mode လုပ်လိုက်တိုင်း အဆိုပါ မှတ်ထားတဲ့ Setting အတိုင်း ပြန်သွားပေးမှာ ဖြစ်ပါတယ်။

To connect to a Wi-Fi network go to Settings > Network & internet > Turn Wi-Fi on.
To turn Bluetooth on go to Settings > Connected devices > Connection preferences > Bluetooth. Turn Bluetooth on or off.

Ref: Phone Arena