Google က Android အတွက် Find My Device Network အသစ်ကို ဖြန့်ချိပေးလိုက်ပြီး ဖုန်း ပိတ်ထားရင်တောင် တည်နေရာကို ခြေရာခံနိုင်ပါပြီ။ သဘောကတော့ သင့် ဖုန်း အခိုးခံရရင် ခိုးသူက ဖုန်းပိတ်လိုက်ရင်တောင် တည်နေရာကို ခြေရာခံနိုင်ပါတယ်။  Android 9 နဲ့ အထက် ဖုန်းတွေမှာ ဒီလုပ်ဆောင်ချက်ကို ရရှိပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ မကြာခင် ရရှိမှာပါ။

Google finally turns on its new, global Find My device network for Android

အဲဒီ Network မှာ Device ပေါင်း ၁ ဘီလီယမ်ကျော် ရှိတဲ့အတွက် သင့် ဖုန်း တည်နေရာကို ခြေရာခံရတာ အလွန်လွယ်ကူပါတယ်။ Pixel 8 နဲ့ Pixel 8 Pro မှာတော့ အထူး ဟာ့ဒ်ဝဲတွေ ပါတဲ့အတွက် ဖုန်း ပိတ်ထားရင် သို့မဟုတ် ဘက်ထရီ အားကုန်သွားရင်တောင် တည်နေရာကို ခြေရာခံနိုင်ပါတယ်။

Google finally turns on its new, global Find My device network for Android

သင့်ဖုန်းဟာ အိမ်ထဲမှာပဲ ပျောက်နေတယ်ဆိုရင် “Find nearby” Button ကို နှိပ်ကာ တည်နေရာ အတိအကျကို ရှာဖွေနိုင်ပါတယ်။ သင့် ဖုန်းဟာ အိမ်ထဲမှာ ပျောက်နေပြီး သင့်မှာ Nest Device ရှိရင် Find My Device App က Nest Device ရဲ့ အကူအညီကို ရယူကာ ဖုန်းကို ရှာပေးနိုင်ပါတယ်။ သင့်ဖုန်းနဲ့ တခြား ဖုန်းတွေကို ချိတ်ဆက်ထားနိုင်ပြီး ဖုန်းပျောက်ရင် လွယ်ကူစွာ ရှာနိုင်တဲ့ စွမ်းရည်လည်း ပါလာပါတယ်။

အနာဂတ်မှာ JBL, Sony နဲ့ တခြား ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကနေ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena