Android User တွေဟာ Software Update ကို နှစ်အနည်းငယ်ပဲရကြပါတယ်။  ဖုန်း ကုမ္ပဏီများစွာက Android ဖုန်းတွေအတွက် နှစ်အနည်းငယ်ပဲ Software Update ပေးကြပါတယ်။ အဲဒီအတွက် User တွေဟာ ဒိတ်အောက်နေတဲ့ Software ကိုပဲ သုံးကြရပြီး ဖုန်း အသစ်ကို မြန်မြန်ပဲ ဝယ်ကြရပါတယ်။

အခုတော့ Google က Android ဖုန်းတွေအတွက် ၇ နှစ် Software Update ရအောင်ပြုလုပ်ပေးဖို့ စီစဉ်ထားပါတတယ်။ အဲဒီအတွက် Software Update နှစ်များစွာ ရတဲ့ iOS ကို ရင်ဘောင်တန်းနိုင်တော့မှာပါ။

Android 15: New updates for foldables, tablets, phones and more

Google ဟာ Chip ထုတ်လုပ်သူတွေအတွက် Software Update လုပ်ပေးတဲ့ ဖြစ်စဉ်ကို ပိုကောင်းအောင်ပြုလုပ်ပေးမှာပါ။ Chip ထုတ်လုပ်သူတွေရဲ့ နည်းပညာဟာ Android Update အတွက် အရေးကြီးပါတယ်။ ဖုန်း ကုမ္ပဏီ တစ်ခုဟာ Android Version အသစ် ထုတ်ပေးချင်ရင် Chip ထုတ်လုပ်သူတွေက သူတို့ရဲ့ Software ကိုလည်း Update လုပ်ပေးရပါတယ်။ အဲဒီအတွက် ဖုန်း ကုမ္ပဏီနဲ့ Chip ထုတ်လုပ်သူတွေဟာ အပို လုပ်ငန်းတွေ လုပ်ကြရပါတယ်။ ဒါကြောင့်လည်း Android Update Cycle ဟာ တိုတောင်းတာ ဖြစ်ပါတယ်။

Android Developers Blog: The First Developer Preview of Android 15

Google ရဲ့ အစီအစဉ် အသစ်အရ Chip Software ကို Frozen လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Chip ထုတ်လုပ်သူတွေဟာ Software ကို တစ်ခါပဲ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Android အတွက် ၇ နှစ်ကြာ Software Update ရလာကြမှာပါ။ ဖုန်းထုတ်လုပ်သူတွေဟာ Chip Update မလိုဘဲ Software Update ကို ထည့်သွင်းပေးနိုင်မှာပါ။

အခု မူဝါဒ အသစ်ကြောင့် နှစ်အနည်းငယ်ပဲ Software Update ရတဲ့ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် ဖုန်းတွေအတွက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။

Ref: gizchina