အခုသိရှိရတဲ့သတင်းတွေအရ လူသန်းပေါင်း ၄၀ ကျော် Google Play Store ကနေ Download ပြုလုပ်ထားကြတဲ့ Android Keyboard တစ်ခုဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သကဆိုင်တဲ့အချက်အလက်တွေကို ခိုးယူနေတယ်လို့ သိရပါတယ်။

အဆိုပါ Keyboard ကတော့ “A.I.Type Keyboard တစ်ခုဖြစ်ပြီးတော့ Download ရယူထားတဲ့ အသုံးပြုသူ သန်း ၄၀ ကျော်ထဲမှာ ၃၁ သန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး ခိုးယူမှုဟာ a.i.type Keyboard ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ Eitan Fitusi ကနေ ခိုးယူခဲ့တာဖြစ်တယ်လို့ သံသဃရှိနေတာဖြစ်ပြီးတော့ အဆိုပါသူဟာဆိုရင် a.i.type Keyboard အသုံးပြုသူတွေရဲ့ အချက်အလက်စုစုပေါင်း 577GB ဝန်းကျင်ရှိတဲ့ Data တွေကို ထည့်သွင်းထားပြီးတော့ အခုအချိန်မှာ တိမ်းရှောင်လိုက်ရှိနေတယ်လို့ သိရပါတယ်။

Android Keyboard တွေက သာမန်ဆိုရင်လည်း အသုံးပြုသူတွေရဲ့ Contact တွေ၊ Google Account ၊ Facebook Account စတဲ့ Social Media Account တွေနဲ့ပါ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် တကယ်လို့ အခု a.i.Keyboard လိုမျိုး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူချင်တယ်ဆိုရင် အလွန်လွယ်ကူတယ်လို့ပြောရမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်အသုံးပြုနေတဲ့ Android Keyboard ကို လုံခြုံစိတ်ချရတဲ့ Keyboard ပဲအသုံးပြုဖို့ အကြံပြုလိုက်ပါတယ်။