Google က သူ့ရဲ့ နှစ်ပတ်လည် ညီလာခံ ဖြစ်တဲ့ Google I/O 2017 မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သင်က OS လိုမျိုး ခပ်မိုက်မိုက် Feature တွေ သုံးချင်နေပါသလား။ သိပ်မစောင့်ရတော့ပါဘူး၊ Andrioid O ထွက်လာပြီဆိုတော့ သုံးရတော့မှာပါ။

Android O က Software အလုပ်လုပ်တာ အရင်က Android ဗားရှင်းတွေထက် ၂ ဆလောက်မြန်လာပြီး ဘက်ထရီ ကုန်တာလည်း သက်သာစေမှာဖြစ်ပါတယ်။

Android ဖုန်းတွေကို ၂ ဆ မြန်အောင် လုပ်ဆောင်ပေးမယ့် Android O

Picture-in-Picture

အရင်က Andriod ဗားရှင်းတွေမှာဆိုရင် ကိုယ်က YouTube ဗီဒီယိုတွေ ကြည့်နေတုန်းမှာ Google ဖွင့်ပြီး ရှာစရာ တစ်ခု ပေါ်လာတယ်ဆိုပါစို့။

ဒါဆိုရင် YouTube ဖွင့်ထားတဲ့ Tab ကနေ ထွက်ပြီး Google ဖွင့်ပြီး ရှာရပါတယ်။

ဒီ Andriod O မှာတော့ YouTube ဖွင့်ထားတုန်း Home Button ကို နှိပ်လိုက်ရင် ကိုယ်ကြည့်နေတဲ့ ဗီဒီယိုလေးက သေးသွားပြီး ရွှေ့လျားလို့ရတဲ့ Window တစ်ခုပုံစံမျိုးဖြစ်သွားမယ်။ ဖုန်းမှာ Google ဖွင့်ကြည့်ကြည့်၊ ဖုန်းမှာ တစ်ခုခုဘဲ မှတ်ချင်မှတ်၊ ဖုန်းထဲမှာ ကိုယ်လုပ်ချင်တာ ဘာပဲလုပ်လုပ် ဗီဒီယိုကတော့ ဆက်ပွင့်နေဦးမှာပါ။ ကိုယ် Youtube ကို ပြန်ဖွင့်ချင်ရင် အဲ့ဒီ ဗီဒီယိုလေးကို လက်မနဲ့ ထောက်လိုက်ရင် ပြန်ဖွင့်သွားမှာပါ။

Picture-in-Picture (PIP) စနစ်က Samsung က နောက်ဆုံးထွက်တဲ့ Galaxy ဖုန်းတွေမှာ ပါဝင်နေပါတယ်။

New App Notification

အရင်က Android တွေမှာဆိုရင် Notification အသစ်လာရင် ဖုန်း စခရင်ကို အောက်ကို ဆွဲချလိုက်ပြီး ဖျောက်လိုက်ကြပါတယ်။

Android O မှာဆိုရင်တော့ အသစ်ပါလာတာက အဲ့ဒီ Notification ကို ဖတ်ပြီးပြီလား မဖတ်ရသေးဘူးလားပြတဲ့ စနစ်ပါဝင်လာပါတယ်။

အခုလောလောဆယ် မဖတ်သေးဘူးဆိုရင်လည်း နောက် ဘယ်နှမိနစ်၊ ဘယ်နှနာရီမှ ဖတ်မလဲဆိုတာကို ရွေးချယ်လို့ရပါတယ်။

Apple iOS ဖုန်းတွေမှာ ပါလေ့ရှိပေမယ့် Android မှာတော့ အဲ့ဒီစနစ်က အခုမှ ပါဝင်လာတာပါ။ ဒါ့အပြင် Notification နဲ့ ပတ်သက်ပြီး တခြား လုပ်ဆောင်လို့ရတာတွေလည်း အများကြီးပါလာပါသေးတယ်။

Chrome လိုမျိုး Auto-fill ရပြီ

အမြဲတမ်းနီးပါး ဖုန်းတစ်လုံးထဲမှာဘဲ ထပ်ခါထပ်ခါ ကိုယ့် User Name နဲ့ Password ရိုက်ထည့်ရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။

ဒါကြောင့်အရင်က Desktop Computer မှာဘဲ ရတဲ့ Chrome ကို မိုဘိုင်းဖုန်းမှာ ရလာပါပြီ။

Gmail အကောင့်ဘဲဖြစ်ဖြစ်၊ Twitter ဘဲဖြစ်ဖြစ်၊ Facebook ဘဲ ဖြစ်ဖြစ်၊ Credit ကဒ်အတွက်ဘဲဖြစ်ဖြစ် ဖုန်းနဲ့ ၀င်ပြီး User Name နဲ့ Password ကို မှတ်ထားခိုင်းပြီး နောက်တစ်ခါထပ်မရိုက်ရအောင်မှတ်ထားခိုင်းလို့ရပါပြီ။

Copy နဲ့ Paste ပိုကောင်းလာ

ဖုန်းတွေမှာ ကိုယ်လိုချင်တဲ့ ဖုန်းနံပါတ်၊ စာသား၊ sms စာသားတွေနဲ့ Gmail Account တို့ကို Copy လုပ်ပြီး Paste လုပ်ရတာ တခါတခါ လက်ပေါက်ကပ်ပါတယ်။ အမြဲတမ်း ကိုယ် Copy လုပ်ချင်တိုင်း ရလေ့မရှိပါဘူး။ Android O Version မှာတော့ Copy နဲ့ Paste Function တွေ ပိုကောင်းလာပါတယ်။

ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ ပိုမြန်လာ

ဖုန်းရဲ့ လုပ်ဆောင်ချက်တွေက ပိုမြန်ဆန်လာပါတယ်။ Android O က Android Nougat ထက် ၂ ဆ ကျော်လောက် ပိုမြန်တယ်လို့ Google က ဆိုပါတယ်။

ကင်မရာ ရိုက်တာကနေအစ Google Assistant သုံးတဲ့အဆုံးအထိ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဘက်ထရီကုန်တာ နည်းအောင် လုပ်ပေး

Android O က နောက်ကွယ်မှာ run နေတဲ့ App တွေကို ပိတ်တဲ့ စနစ်တွေ ပါဝင်လာပါတယ်။ ကိုယ့်ဖုန်းထဲမှာ run နေတဲ့ App တွေကို သိရှိပြီး ပိတ်နိုင်တဲ့စနစ်တွေပါဝင်လာပါတယ်။ ဥပမာ ကိုယ့်ဖုန်းကို ခြေရာခံနေတဲ့ App တွေဆိုလည်း အလွယ်တကူ သိနိုင်ပါတယ်။