Apple ရဲ့ iOS နဲ့ မတူညီပဲ Google ရဲ့ Android OS ဟာ Version အသစ်ထွက်ပေမယ့် အဆိုပါ Version အသစ်ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေအလွန်နည်းပါးနေတာအခုအချိန်ထိပဲဖြစ်ပါတယ်။

ယခုအချိန်မှာလည်း Google ကနေ Android Version 8.0 Oreo ကို ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်ပေးလိုက်ပေမယ့် အခုအချိန်မှာတော့ Google Nexus, Pixel ဖုန်းအချို့နဲ့ အချို့သော Brand အနည်းငယ်ပဲ Oreo Update ကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်

လက်ရှိအချိန်မှာ Android Version 6.0 Marshmallow ကို အသုံးပြုနေတဲ့ဖုန်းတွေက ၃၀.၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး Oreo မတိုင်ခင်က ထွက်ရှိခဲ့တဲ့ Android Version 7.0 Nougat တောင် ၂၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိသေးတာဖြစ်ပါတယ်။

နှိုင်းယှဉ်ရရင် Apple ရဲ့ iOS 11 ကို Update ပြုလုပ်ပြီးတဲ့သူတွေက Apple အသုံးပြုတွေရဲ့ တဝက်အထိရှိနေပြီပဲဖြစ်ပါတယ်။