Huawei ရဲ့ ယခုနှစ်အတွက် Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Huawei P11 (သို့မဟုတ်) Huawei P20 စမတ်ဖုန်းကို စတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်ကထွက်ရှိထားတဲ့ Huawei P10 နဲ့ P10 Plus စမတ်ဖုန်းတွေအတွက် Android Oreo Update ကိုတော့ အခုမှရရှိတော့မှာဖြစ်ပါတယ်။

အခုသတင်းကိုတော့ Huawei Mobile Europe ကနေ တင်ထားတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ အချို့သော Software Version Model တွေပဲ အခု Android Oreo Beta Program ကို ရယူနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Huawei ကနေ Android Oreo Update ကို Huawei P10 နဲ့ P10 Plus ဖုန်းတွေအတွက် ထုတ်ပေးဖို့ ပြုလုပ်နေတာက အခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အလွန်နောက်ကျနေပြီဖြစ်ပြီး အခြား OnePlus ၊ HTC နဲ့ Sony စမတ်ဖုန်းတွေဆိုပြီး ပြီးခဲ့တဲ့လတွေထဲက Update ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။