Asus Zenfone 4 စမတ်ဖုန်းဟာ Asus ရဲ့ လက်ရှိမှာ နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ ကင်မရာပိုင်းမှာလည်း ကောင်းမွန်တယ်လို့ပြောလို့ရတဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။

Asus ကနေ Zenfone 4 ကို ထုတ်လုပ်တဲ့အချိန်တုန်းက Android Version 7.0 Nougat နဲ့ပဲထုတ်ခဲ့ပေမယ့် Asus ကနေ Zenfone 4 စမတ်ဖုန်းတွေအကုန်လုံးကို Android Oreo ကို Update ပြုလုပ်ပေးမယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Asus Zenfone 4 ကို အခုအချိန်မှာတော့ Android Oreo ကို Update Version ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါ Update Version က 15.0405.1711.76 ဖြစ်ပြီး Zenfone 4 အသုံးပြုသူတွေအနေနဲ့ OTA ကနေပဲ Update ပြုလုပ်ရုံပါပဲ။

ဒီ Android Oreo Update နဲ့အတူ Swipe-up Gesture အသစ်၊ Design ပြောင်းလဲထားတဲ့ Setting Menu နဲ့ Picture in Picture Mode လိုမျိုး Features တွေရရှိလာတာပဲဖြစ်ပါတယ်။