အခုနောက်ပိုင်းပိုင်း Samsung Galaxy ဖုန်းတွေနဲ့ Huawei Mate 10 လိုမျိုး စမတ်ဖုန်းတွေက ဖုန်းကို Monitor နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာအနေနဲ့ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် Google ကနေ Android P လို့ ခေါ်ဆိုမယ့် Android Version 9.0 မှာ စမတ်ဖုန်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Mouse အနေနဲ့ အသုံးပြုလို့ရလာတော့မှာပဲဖြစ်ပါတယ်။

Mouse အနေနဲ့လို့ ပြောတာကတော့ Trackpad အနေနဲ့ ဖုန်း Display ကို အသုံးပြုပြီးကြည့်ရမှာဖြစ်ပြီးတော့ အချို့ကလည်း Keyboard အနေနဲ့ပါ အသုံးပြုလို့ရမယ်လို့ ယူဆထားကြပါတယ်။

စမတ်ဖုန်းကို အခုလိုမျိုး ကွန်ပျူတာ ချိတ်ဆက်ပစ္စည်းတွေအနေနဲ့ အသုံးပြုနိုင်တာက အဓိပ္ပါယ်မရှိပေမယ့် ဆန်းသစ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။