Android Devices တွေမှာ Root ပြုလုပ်တဲ့အချိန်မှာ SuperSU ကို မသိတဲ့သူရှားမှာပါ။ အဆိုပါ SuperSU နဲ့ FlashFire Application တွေကို ပြုလုပ်ပေးနေတဲ့ Developer Chainfire ကနေ Android ဖုန်းတွေအတွက် Firmware တွေ၊ Boot Image တွေနဲ့ Recovery Image တွေကို အလွယ်တကူရယူနိုင်မယ့် Website တစ်ခုကို ပြုလုပ်ထားလိုက်ပြီပဲဖြစ်ပါတယ်။

အဆိုပါ Website က “firmware.mobi” လို့ နာမည်ပေးထားပြီး Android ဖုန်းအတော်များများရဲ့ Boot, Recovery, Root Image တွေရဲ့ Database တွေပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ် ဘယ်ဖုန်းအတွက်ပဲလိုလို Firmware တွေကို အဆိုပါ Website မှာပဲ ရှာဖွေနိုင်မှာပါ။

firmware.mobi website ကို အသုံးပြုဖို့ကလည်း အလွန်လွယ်ကူပြီး ကိုယ်ရှာဖွေချင်တဲ့ ဖုန်းနာမည် ဒါမှမဟုတ် Codename ကို ရိုက်လိုက်တာနဲ့ အဆိုပါ Android Device နဲ့ သက်ဆိုင်တဲ့ Firmware တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး Root ကိုပါ တခါတည်းလုပ်ချင်တယ်ဆိုရင်လည်း ကိုယ်ရွေးချယ်လိုက်တဲ့ Firmware က CF Auto Root ရတယ်ဆိုရင် တခါတည်း ရယူနိုင်ဦးမှာပါ။

လက်ရှိအချိန်မှာတော့ firmware.mobi Website က ဖုန်းတွေအကုန်လုံးအတွက် Firmware တွေမရှိသေးပေမယ့်လည်း လက်ရှိအချိန်အထိ Android Devices ပေါင်း ၁၇၅၃ ရဲ့ Firmware ၁၅၈၇၆ ခုရှိနေပြီပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ Website မှာ မရှိသေးတဲ့ Boot Image ဒါမှမဟုတ် Recovery Image ရှိနေတယ်ဆိုရင်လည်း Dropbox ကနေ တစ်ဆင့်ပြန် Share ပေးနိုင်ဦးမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး ဖုန်းတစ်လုံးရဲ့ Software ပိုင်းနဲ့ ပတ်သတ်တှဲ့Firmware ပြင်ဆင်မှုတွေဟာ အခန့်မသင့်ရင် ဖုန်းကို ပျက်စီးစေတဲ့အတွက် တကယ်နားလည်တတ်ကျွမ်းမှပဲ စမ်းကြည့်သင့်ပါတယ်။ ဖုန်း Software ပိုင်း ပြုလုပ်နေတဲ့သူတွေဆိုရင်တော့ အခု firmware.mobi Website လေးက အနည်းနဲ့အများ အသုံးဝင်လောက်မယ်လို့ မျှော်လင့်မိပါတယ်။