[Zawgyi]

ၿပီးခဲ့တဲ့ ရက္တုန္းက Google ကေန ထုတ္လႊတ္ေပးလိုက္တဲ့ Android Q Beta Version ဟာ အေျပာင္းအလဲ အေတာ္မ်ားမ်ားကို ယူေဆာင္လာခဲ့ပါတယ္။ Android Q ရဲ႕ အဆင့္ျမႇင့္တင္မႈေတြဟာ Pixel devices တိုင္းအတြက္ ဆိုေပမယ့္ Pixel 3 ကေတာ့ ပိုၿပီးေတာ့ မ်က္ႏွာသာေပးခံရတယ္လို႔ပဲ ေျပာရေတာ့မလိုပါ။

Google Pixel 3 ဟာ SIM ႏွစ္ခုကို တစ္ၿပိဳင္နက္ အသုံးျပဳလို႔မရပါဘူး။ Pixel 3 လိုဖုန္းမ်ိဳးအတြက္ Dual SIM မရတာေၾကာင့္ အနည္းငယ္ေတာ့ ေဝဖန္ခံခဲ့ရပါေသးတယ္။ ရေအာင္လုပ္ျပန္ေတာ့လည္း eSIM နဲ႔ Physical SIM ကို တစ္ၿပိဳင္နက္ အသုံးျပဳလို႔ မရျပန္ပါဘူး။

အခုေတာ့ Android Q Beta အသုံးျပဳလိုက္ရင္ Pixel 3 မွာ ရွိေနတဲ့ ျပႆနာႀကီးကို ေျဖရွင္းၿပီးသား ျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ Pixel 3 အသုံးျပဳသူအေတာ္မ်ားမ်ားဟာ Android Q Beta ကိုတင္ၿပီး Dual SIM Standby ရတာကို ဝမ္းသာမဆုံးျဖစ္ေနၿပီး လူမႈကြန္ရက္ေတြေပၚမွာ အခ်င္းခ်င္းမွ်ေဝေနၾကၿပီ ျဖစ္ပါတယ္။

Google ဟာ Pixel 2 နဲ႔ Pixel 2 XL ေတြကိုလည္း eSIM သုံးႏိုင္ေအာင္ ေထာက္ပံ့ေပးၿပီးသား ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါဖုန္းေတြမွာလည္း Dual SIM Standby မရပါဘူး။ အခု Pixel 3 မွာ Dual SIM Standby ရၿပီလို႔ သိရေပမယ့္ Pixel 2 နဲ႔ Pixel 2 XL ေတြမွာ ရၿပီလို႔ သတင္းမၾကားမိေသးပါဘူး။ Google ကလည္း တိတ္ဆိတ္ေနေသးတဲ့အတြက္ Pixel 2 နဲ႔ Pixel 2 XL အသုံးျပဳသူေတြကေတာ့ ေၾကကြဲေနၾကမွာပါပဲ။

Ref: Android Police

[Unicode]

Pixel 3 ဖုန်းတွေမှာ Dual-SIM Standby ရပြီ

ပြီးခဲ့တဲ့ ရက်တုန်းက Google ကနေ ထုတ်လွှတ်ပေးလိုက်တဲ့ Android Q Beta Version ဟာ အပြောင်းအလဲ အတော်များများကို ယူဆောင်လာခဲ့ပါတယ်။ Android Q ရဲ့ အဆင့်မြှင့်တင်မှုတွေဟာ Pixel devices တိုင်းအတွက် ဆိုပေမယ့် Pixel 3 ကတော့ ပိုပြီးတော့ မျက်နှာသာပေးခံရတယ်လို့ပဲ ပြောရတော့မလိုပါ။

Google Pixel 3 ဟာ SIM နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုလို့မရပါဘူး။ Pixel 3 လိုဖုန်းမျိုးအတွက် Dual SIM မရတာကြောင့် အနည်းငယ်တော့ ဝေဖန်ခံခဲ့ရပါသေးတယ်။ ရအောင်လုပ်ပြန်တော့လည်း eSIM နဲ့ Physical SIM ကို တစ်ပြိုင်နက် အသုံးပြုလို့ မရပြန်ပါဘူး။

အခုတော့ Android Q Beta အသုံးပြုလိုက်ရင် Pixel 3 မှာ ရှိနေတဲ့ ပြဿနာကြီးကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် Pixel 3 အသုံးပြုသူအတော်များများဟာ Android Q Beta ကိုတင်ပြီး Dual SIM Standby ရတာကို ဝမ်းသာမဆုံးဖြစ်နေပြီး လူမှုကွန်ရက်တွေပေါ်မှာ အချင်းချင်းမျှဝေနေကြပြီ ဖြစ်ပါတယ်။

Google ဟာ Pixel 2 နဲ့ Pixel 2 XL တွေကိုလည်း eSIM သုံးနိုင်အောင် ထောက်ပံ့ပေးပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဖုန်းတွေမှာလည်း Dual SIM Standby မရပါဘူး။ အခု Pixel 3 မှာ Dual SIM Standby ရပြီလို့ သိရပေမယ့် Pixel 2 နဲ့ Pixel 2 XL တွေမှာ ရပြီလို့ သတင်းမကြားမိသေးပါဘူး။ Google ကလည်း တိတ်ဆိတ်နေသေးတဲ့အတွက် Pixel 2 နဲ့ Pixel 2 XL အသုံးပြုသူတွေကတော့ ကြေကွဲနေကြမှာပါပဲ။

Ref: Android Police