Android ဖုန်းတွေကို အဓိက Battery ကုန်ခမ်းစေတာကတော့ Application တွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ Game ဆော့တာလိုမျိုး Application တွေက ဆော့ကစားနေတုန်းသာ Battery ကို ပိုကုန်စေတာဖြစ်ပေမယ့် ကျန်တဲ့သာမန်အချိန်တွေမှာတော့ Battery ကို မထိခိုက်စေပါဘူး။

အဓိက ဖုန်းတွေမှာ Battery ကို အကုန်မြန်စေတာက Facebook လိုမျိုး Notifications ခဏခဏတက်နေတဲ့ Application တွေပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်က Application ကို ထွက်လိုက်ပေမယ့်လည်း Applications တွေက ဖုန်းရဲ့ Background မှာ အလုပ်လုပ်နေတုန်းဖြစ်ပြီး Notifications တခုခုဝင်လာတာနဲ့ ဖုန်းကို Sleep ဖြစ်နေရာကနေ နိုးပြီး အလုပ်လုပ်ခိုင်းတာကြောင့်ဖြစ်ပါတယ်။

ယခုဖြစ်စဉ်ကို Wakelock လို့ခေါ်ပြီး ယခုအချိန်အထိ ဘယ် Application က Battery ကို ပုံမှန်ထက် Background မှာ အကုန်မြန်စေတယ်ဆိုတာကို Android စနစ်သုံးဖုန်းတွေမှာ ဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် Google ရဲ့ အဆိုအရတော့ ဒါတွေက Android 8.1 Update မှာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတဲ့ Developer Preview မှာလည်း ပါဝင်လာပြီး တကယ်လို့ Application တစ်ခုခုက သာမန်ထက် Battery ကို အသုံးပြုနေတယ်ဆိုရင် Warning စာတန်းပေါ်လာပြီး အဆိုပါ Application ကို Force Stop ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Google ကိုယ်တိုင်က Android OS မှာ ဒီလိုအရေးပါတဲ့ Feature တစ်ခုကို ထည့်သွင်းတာကကောင်းတယ်ဆိုပေမယ့် Android Version 8.1 ကို Update ပြုလုပ်နိုင်မယ့် ဖုန်းအရေအတွက်က အခုအချိန်မှာ နည်းပါးသေးတာက အားနည်းချက်တစ်ခုဖြစ်နေပါသေးတယ်။