Google Assistant ဟာ ထွက်ရှိတာအချိန်ကြာပြီဖြစ်ပေမယ့် Android Version 6.0 နဲ့ အထက် စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Android Version 6.0 အောက် အသုံးပြုထားတဲ့ Android ဖုန်းတွေနဲ့ Android Tablets တွေမှာ Google Assistant ကို အသုံးမပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ Android Version 5.0 အထက် ဖုန်းတွေနဲ့ Android Tablets တွေအတွက်ပါ Google Assistant ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Android Version က 8.0 Oreo ကိုရောက်ရှိနေပြီဆိုပေမယ့် လက်ရှိအချိန်မှာ Android Version 8.0 Oreo ကို အသုံးပြုမှုကအလွန်နည်းပါးနေသေးပြီးတော့ Android Version 5.0 Lollipop ကို အသုံးပြုနေတဲ့ Android Devices တွေက ၂၆ ရာခိုင်နှုန်းအထိရှိနေတာကြောင့် အခုလိုမျိုး Android Version အနိမ့်တွေမှာပါ Google Assistant ကို အသုံးပြုလို့ရအောင် ပြုလုပ်ပေးလိုက်တာကကောင်းတဲ့အချက်တစ်ခုဖြစ်မှာပါ။

တကယ်လို့ Google Assistant ကို အသုံးချင်တယ်ဆိုရင် Google Play Store ကနေ Google App ကို Update ပြုလုပ်ရမှာဖြစ်ပြီးတော့ Android Devices အများစုမှာ Home Key ကို ဖိထားပြီး အသုံးပြုရမှာပါ။