Anker ဟာ လက်ရှိအချိန်မှာဆိုရင် စမတ်ဖုန်းအသုံးပြုသူတိုင်း သိရှိပြီးတဲ့ Brand တစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ ဒါကလည်း Charging ပိုင်းဆိုင်ရာ Cable တွေ၊ Adapter တွေတင်မဟုတ်ဘဲ တခြားသော Earbuds တွေ၊ Headphone တွေလိုမျိုး Accessories တွေကိုပါ ထုတ်လုပ်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Anker ဟာ တကမ္ဘာလုံးမှာ နံပါတ် (၁) Charging Brand ဖြစ်လာပြီလို့ တရားဝင်ကြေညာလိုက်ပါပြီ။ ဒါကိုတော့ Euromonitor International ဖြစ်တဲ့ တကမ္ဘာလုံးဆိုင်ရာ Authoritative Market Research Organization ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Anker ဟာ အခုဆိုရင် ကုမ္ပဏီကိုတည်ထောင်ခဲ့တာ သက်တမ်းအားဖြင့် ၁၀ နှစ်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ အအောင်မြင်ဆုံး Charging နည်းပညာတစ်ခုဖြစ်တဲ့ PowerIQ နည်းပညာကို ၂၀၁၃ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အဆိုပါ PowerIQ နည်းပညာဟာ ပုံမှန် USB Charger တွေတင်မဟုတ်ဘဲ Car Charger တွေ၊ Power Bank တွေမှာပါ အသုံးချနိုင်နေပြီဖြစ်ပါတယ်။

အခုလိုမျိုး Charging ပိုင်းမှာ နံပါတ် (၁) နေရာကို ရယူနိုင်တာက အခုနောက်ပိုင်းမှာ Anker Nano လိုမျိုး အရွယ်အစားသေးငယ်ပြီး GaN နည်းပညာကို အသုံးပြုထားတဲ့ Charger တွေကို ထုတ်လုပ်ထားနိုင်လို့လည်းဖြစ်ပါတယ်။ အဆိုပါ Anker Nano Charger ဟာဆိုရင် Apple Original 5W Charger အရွယ်အစားပဲရှိပေမယ့် 20W Fast Charge အနေနဲ့ ထုတ်ပေးနိုင်တာကြောင့် စျေးကွက်ထဲမှာ ရောင်းအားကောင်းပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Charging နဲ့ ပတ်သက်ပြီး အကောင်းဆုံး Brand ဆိုရင်တော့ အခုဆိုရင် Anker ဖြစ်နေပြီလို့တောင် ပြောနိုင်ပါတယ်။

Ref – Gizmo China