အကြမ်းခံမှုမှာနံပါတ် (၁) ဆိုတဲ့ realme ရဲ့နောက်ဆုံးထွက် Note 60 ကတော့ စျေးနှုန်းနဲ့အတူ တရားဝင်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Version ၂မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး DRE စနစ်ပါဝင်လို့ RAM ကိုလည်း 12GB အထိ တိုးမြှင့်သုံးနိုင်ဦးမှာဖြစ်ပါတယ်။ RAM 12GB (4+8) + ROM 128GB အတွက် ၅၂၉,၉၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး RAM 12GB (4+8) + ROM 256GB အတွက် ၅၇၉,၉၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။
အရောင်အနေနဲ့က Voyage Blue နဲ့ Marble Black ၂မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ Pre-order ကြိုတင်မှာယူနိုင်မှာြဖစ်ပြီး Pre-order လက်ဆောင်အဖြစ် စျေးဝယ်အိတ်နဲ့ ပန်ကာ တို့ကိုရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် realme Note 60 ဝယ်ယူသူများအနေနဲ့ MPT Bonus Package ကိုလည်း လစဥ် ဖုန်းဘေလ် ၅၀၀၀ ထည့်သွင်းပြီး SIM ကဒ်အသစ်အတွက် Data 3GB နဲ့ SIM ကဒ်အဟောင်းအတွက် Data 1.5GB တို့ကို On-net call ၁၀၀ မိနစ်နဲ့အတူ ၆လ တိတိ တွဲဖက်ခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
realme Note 60 ဟာ ဒီနှစ်အစောပိုင်းကထွက်ထားတဲ့ Note 50 ရဲ့မျိုးဆက်သစ်ထုတ်ကုန်တစ်ခုဆိုတဲ့အတိုင်း အကြမ်းခံမှုအပိုင်းမှာပိုမိုကောင်းမွန်စေဖို့အတွက် အဆင့်မြင့်ကာကွယ်မှုစနစ်ဖြစ်တဲ့ ArmorShell Protection ကိုအသုံးပြုပေးထားလို့ အလွယ်တကူ ဖုန်းလွတ်ကျကွဲတာမျိုးတွေ၊ ဖိအားဒဏ်ကြောင့်ဖုန်းကွေးသွားတာတွေ၊ မျက်နှာပြင်မှာ အလွယ်တကူ ခြစ်ယာစင်းယာထင်တာတွေ၊ လွတ်ကျမှုဒဏ်ကြောင့် အတွင်းအဓိကအစိတ်အပိုင်းတွေ “လျှော့ဖြစ်”ပျက်စီးတာတွေ၊ ရေဒဏ်ဖုန်ဒဏ်တွေအလွယ်တကူဝင်ရောက်ပျက်စီးတာမျိုးတွေကနေ အလုံးစုံကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း TÜV Rheinland ရဲ့စိတ်ချလုံခြုံရတဲ့အာမခံချက်တွေကိုပါ ရရှိထားတာပဲဖြစ်ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ ၆.၇၄ လက်မ HD+ မျက်နှာပြင်နဲ့အတူ 90Hz Screen Refresh Rate ကိုပါထောက်ပံ့ပေးထားလို့ သွက်လက်တဲ့မျက်နှာပြင်တိတွေ့မှုကို ရရှိစေမှာဖြစ်ပါတယ်။ ပင်မနောက်ဘက် ကင်မရာအတွက် 32MP ရုပ်ထွက်အရည်အသွေးနဲ့အတူ အရန်ကင်မရာတစ်လုံးကိုပါ Dual set-up အဖြစ်တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက် 5MP (Wide) ရုပ်ထွက်ကိုသုံးပေးထားတာဖြစ်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝ Stable ဖြစ်နေပြီဖြစ်တဲ့ Unisoc T612 chipset နဲ့အတူ Dynamic RAM ကို 12GB အထိ တွဲဖက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဘေးဘက် Side Fingerprint လက်ဗွေဖတ်စနစ်နဲ့အတူ မြန်ဆန်လုံခြုံစွာအသုံးပြုနိုင်စေပြီး 5000mAh battery ကိုမှ Type-C (10W) အားသွင်းခေါင်းနဲ့တွဲဖက်သုံးနိုင်မှာဖြစ်ပါတယ်။ စိတ်ကြိုက်အကြမ်းခံစေမယ့် realme Note 60 ကို သက်ဆိုင်ရာ အရောင်းဆိုင်များမှာရှိတဲ့ realme counter မှာလည်း သွားရောက်လေ့လာပြီး ဝယ်ယူနိုင်မှာြဖစ်ပါတယ်။
Media release: realme