[Zawgyi]

iPhone 11 Series ေတြကို ေၾကညာဖို႔ ရက္သတၱပတ္ အနည္းငယ္ပဲ လိုေတာ့တဲ့ အတြက္ ရင္ခုန္စရာအေကာင္းဆံုး အခ်ိန္ ေရာက္ေနပါၿပီ။ Apple ဟာ စက္တင္ဘာလ ၁၀ ရက္မွာ ေၾကညာမယ္လို႔ သတင္းထြက္ေနေပမယ့္ ကုမၸဏီကေတာ့ ဖိတ္စာေတြ မေပးပို႔ေသးပါဘူး။ အခုေတာ့ ChargerLAB က iPhone 11 Series ေတြမွာ 5W Charger မပါေတာ့ဘဲ Apple USB-C Charger နဲ႔ Lightning to USB-C Cable ထည့္ထားမယ္လို႔ တြစ္တာမွာ မွ်ေ၀လိုက္ပါတယ္။ အဲဒီအတြက္ iPhone 11 Series ေတြဟာ Fast Charger ပါတဲ့ ပထမဆံုး iPhone Series ျဖစ္လာမွာပါ။ ဒါေပမယ့္ ဖုန္းမွာေတာ့ Lightning Connector တပ္ဆင္ထားမွာပါ။

ChargerLAB ဟာ Apple USB-C Charger ရဲ႕ ဓါတ္ပံုေတြကို ၿပီးခဲ့တဲ့ ႏွစ္က မွ်ေ၀ခဲ့ၿပီး 2018 iPhone XS နဲ႔ XR မွာ ပါလာမယ္လို႔ ေျပာခဲ့ေပမယ့္ မပါလာခဲ့ပါဘူး။ Apple က ေအာက္တိုဘာလက ေၾကညာခဲ့တဲ့ iPad Pro Models အသစ္ေတြနဲ႔အတူ အဲဒီ Charger ကို မိတ္ဆက္ခဲ့ပါတယ္။ မတ္လကလည္း Macotakara က ဒီႏွစ္ထုတ္ iPhones အသစ္ေတြမွာ USB-C Charger ပါမယ္လို႔ ေျပာခဲ့ပါတယ္။

iPhone 11 Series ေတြရဲ႕ ကိုယ္ထည္ဒီဇိုင္းကို သိပ္ၿပီး အေျပာင္းအလဲ လုပ္ထားမယ္လို႔ မထင္ပါဘူး။ Matte Glass Texture အသစ္နဲ႔ အေနာက္ကင္မရာ ၃ လံုးကို ထည့္သြင္းထားမယ့္ ေလးေထာင့္ အကြက္ပါလာႏုိင္ပါတယ္။ အေနာက္ကင္မရာေတြဟာ ေနာက္ဆံုးထြက္ထားတဲ့ iPhone ေတြထက္ ဓါတ္ပံုအရည္အေသြး ပိုလန္းလာမွာျဖစ္ၿပီး Ultra-wide Zoom Lens နဲ႔ Smart Frame လို ဥာဏ္ရည္ျမင့္ လုပ္ေဆာင္ခ်က္ေတြပါလာႏုိင္ပါတယ္။

iPhone 11 Series ေတြမွာ ပိုျမန္လာတဲ့ Apple A13 SoC ၊ အရြယ္ပိုႀကီးတဲ့ ဘက္ထရီ၊ Taptic Engine အသစ္၊ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ ပုိတိက်တဲ့ Indoor Location System ေတြ ပါလာႏုိင္ပါတယ္။ တန္ဖိုးႀကီး  ဖုန္းေတြမွာ USB-C Fast Charger ပါလာတာကေတာ့ ၀မ္းသာစရာပါ။

ref : 9to5mac

[Unicode]

iPhone 11 Series တွေမှာ USB-C Charger ပါမယ်လို့ သတင်းထွက်

iPhone 11 Series တွေကို ကြေညာဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုတော့တဲ့ အတွက် ရင်ခုန်စရာအကောင်းဆုံး အချိန် ရောက်နေပါပြီ။ Apple ဟာ စက်တင်ဘာလ ၁၀ ရက်မှာ ကြေညာမယ်လို့ သတင်းထွက်နေပေမယ့် ကုမ္ပဏီကတော့ ဖိတ်စာတွေ မပေးပို့သေးပါဘူး။ အခုတော့ ChargerLAB က iPhone 11 Series တွေမှာ 5W Charger မပါတော့ဘဲ Apple USB-C Charger နဲ့ Lightning to USB-C Cable ထည့်ထားမယ်လို့ တွစ်တာမှာ မျှဝေလိုက်ပါတယ်။ အဲဒီအတွက် iPhone 11 Series တွေဟာ Fast Charger ပါတဲ့ ပထမဆုံး iPhone Series ဖြစ်လာမှာပါ။ ဒါပေမယ့် ဖုန်းမှာတော့ Lightning Connector တပ်ဆင်ထားမှာပါ။

ChargerLAB ဟာ Apple USB-C Charger ရဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့ နှစ်က မျှဝေခဲ့ပြီး 2018 iPhone XS နဲ့ XR မှာ ပါလာမယ်လို့ ပြောခဲ့ပေမယ့် မပါလာခဲ့ပါဘူး။ Apple က အောက်တိုဘာလက ကြေညာခဲ့တဲ့ iPad Pro Models အသစ်တွေနဲ့အတူ အဲဒီ Charger ကို မိတ်ဆက်ခဲ့ပါတယ်။ မတ်လကလည်း Macotakara က ဒီနှစ်ထုတ် iPhones အသစ်တွေမှာ USB-C Charger ပါမယ်လို့ ပြောခဲ့ပါတယ်။

iPhone 11 Series တွေရဲ့ ကိုယ်ထည်ဒီဇိုင်းကို သိပ်ပြီး အပြောင်းအလဲ လုပ်ထားမယ်လို့ မထင်ပါဘူး။ Matte Glass Texture အသစ်နဲ့ အနောက်ကင်မရာ ၃ လုံးကို ထည့်သွင်းထားမယ့် လေးထောင့် အကွက်ပါလာနိုင်ပါတယ်။ အနောက်ကင်မရာတွေဟာ နောက်ဆုံးထွက်ထားတဲ့ iPhone တွေထက် ဓါတ်ပုံအရည်အသွေး ပိုလန်းလာမှာဖြစ်ပြီး Ultra-wide Zoom Lens နဲ့ Smart Frame လို ဉာဏ်ရည်မြင့် လုပ်ဆောင်ချက်တွေပါလာနိုင်ပါတယ်။

iPhone 11 Series တွေမှာ ပိုမြန်လာတဲ့ Apple A13 SoC ၊ အရွယ်ပိုကြီးတဲ့ ဘက်ထရီ၊ Taptic Engine အသစ်၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ ပိုတိကျတဲ့ Indoor Location System တွေ ပါလာနိုင်ပါတယ်။ တန်ဖိုးကြီး ဖုန်းတွေမှာ USB-C Fast Charger ပါလာတာကတော့ ဝမ်းသာစရာပါ။

ref : 9to5mac