ပြီးခဲ့တဲ့ လက နာမည်ကြီး Tipster Digital Chat Station က OPPO Find X6 Pro မှာ ၁ လက်မ ကင်မရာ ဆန်ဆာ ပါလာမယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ သတင်းအချက်အလက်ကို နောက်ထပ် နာမည်ကြီး Tipster Ice Universe က ထပ်လောင်း အတည်ပြုလိုက်ပြီး OPPO Find X6 Seris ရဲ့ အမြင့်ဆုံး မော်ဒယ်မှာ ၁ လက်မ Sony IMX989 ဆန်ဆာကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ OPPO Find X6 Series ရဲ့ အမြင့်ဆုံး မော်ဒယ်ဟာ OPPO Find X6 Pro ဖြစ်နိုင်ပါတယ်။

OPPO Find X6 Pro is tipped to launch with triple rear 50MP cameras - NotebookCheck.net News

Ice Universe က အဲဒီ စမတ်ဖုန်းရဲ့ တခြား ကင်မရာတွေ အကြောင်းကို ဘာမှ မပြောပေမယ့် DCS က Find X6 Pro ရဲ့ အနောက်ဘက်မှာ 50MP ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Main , Ultrawide နဲ့ Telephoto ကင်မရာတွေ ဖြစ်မယ်လို့ ပြောပါတယ်။

Another tipster confirms 1" camera sensor for Oppo Find X6 Pro - GSMArena.com news

ရိုးရိုး OPPO Find X6 မှာ 50MP Main နဲ့ 50MP Ultrawide ကင်မရာ ၂ လုံးကို ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပေမယ့် 50MP Telephoto ကင်မရာကို 32MP Telephoto ကင်မရာနဲ့ အစားထိုးထားမှာ ဖြစ်ပါတယ်။

OPPO Find X6 Pro ဟာ ၁ လက်မ ကင်မရာ ဆန်ဆာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း မဟုတ်ပါဘူး။ အရင်က ၁ လက်မ ကင်မရာ ဆန်ဆာ ပါတဲ့ စမတ်ဖုန်းတွေကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်ပြီး အခုနောက်ဆုံး မကြာခင်က ထွက်ခဲ့တဲ့ Xiaomi 12S Ultra မှာလည်း ၁ လက်မ ကင်မရာ ဆန်ဆာကို အသုံးပြုထားပါတယ်။

Ref : gsmarena