[Zawgyi]




Ref : gsmarena

[Unicode]

စွမ်းဆောင်ရည် အကောင်းဆုံး Flagship နဲ့ Mid-range စမတ်ဖုန်းများ (AnTuTu)

AnTuTu က အောက်တိုဘာလရဲ့ အလန်းဆုံး ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အရင်တုန်းကတော့ AnTuTu က စွမ်းရည်မြင့် ဖုန်းတွေအတွက်ပဲ စမ်းသပ်ပေးခဲ့ပါတယ်။ အခုတော့ စွမ်းရည်သင့် ဖုန်းတွေလည်း ပါလာပါပြီ။ AnTuTu V8 နဲ့ စမ်းသပ်ထားတာ ဖြစ်ပါတယ်။

စွမ်းရည်မြင့် ဖုန်း စာရင်းမှာ Vivo NEX 3 5G က နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ နံပါတ် ၂ နေရာကိုလည်း Vivo ရဲ့ iQOO Pro 5G က ဖမ်းဆုပ်ထားပါတယ်။ OnePlus 7T က နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အဲဒီဖုန်းတွေရဲ့ အောက်မှာ OnePlus 7T Pro , Asus ROG Phone II နဲ့ Xiaomi Mi 9 Pro 5G တို့ အစဉ်လိုက် ရှိနေပါတယ်။ Black Shark 2 Pro , Realme X2 Pro , Meizu 16s Pro နဲ့ Redmi K20 Pro Premium တို့ကလည်း ထိပ်ဆုံး ၁၀ လုံးစာရင်းမှာ ပါနေပါတယ်။

စွမ်းရည်သင့် ဖုန်းစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက Honor 9X Pro ဖြစ်ပါတယ်။ နံပါတ် ၂ နေရာမှာ Honor 9X ရှိပါတယ်။ Honor 20S က နံပါတ် ၃ နေရာကို ရယူထားပါတယ်။ စွမ်းရည်သင့် ဖုန်းတွေထဲမှာ Honor Phone တွေက တော်တော်လန်းနေပါတယ်။ နံပါတ် ၄ နေရာမှာ နာမည်ကြီး Redmi Note 8 Pro ရှိနေပါတယ်။ အဲဒီဖုန်းတွေရဲ့ အောက်မှာ Realme X2 , Oppo Reno2 , The Redmi K20, Xiaomi Mi 9 SE, Realme Q နဲ့ Vivo X27 တွေ ရှိနေပါတယ်။

Ref : gsmarena