[Zawgyi]

AnTuTu ဟာ ဧၿပီလရဲ႕ စြမ္းေဆာင္ရည္ အေကာင္းဆုံး Android စမတ္ဖုန္းစာရင္းကို တ႐ုတ္ႏိုင္ငံအတြက္ ထုတ္ျပန္ေၾကညာေပးလိုက္ၿပီ ျဖစ္ပါတယ္။ ထူးျခားတာက ဧၿပီလ စာရင္းမွာ ထိပ္ဆုံး ၃ေနရာကို ဆုပ္ကိုင္ထားသူေတြဟာ Xiaomi စမတ္ဖုန္းေတြ ျဖစ္ေနတာပါ။

စြမ္းေဆာင္ရည္ အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ နံပါတ္ ၁ ေနရာကို ပိုင္ဆိုင္ထားသူဟာ Xiaomi Mi 9 Transparent Edition ျဖစ္ၿပီး စုစုေပါင္း ရမွတ္ ၃၇၃,၇၁၅မွတ္အထိ ရရွိထားပါတယ္။ နံပါတ္ ၂ ေနရာမွာ Xiaomi Mi 9 က ရပ္တည္ေနၿပီး နံပါတ္ ၃ ေနရာမွာေတာ့ Gaming စမတ္ဖုန္း ျဖစ္တဲ့ Xiaomi Black Shark 2 က ရပ္တည္ေနပါတယ္။ AnTuTu က ထုတ္ျပန္ေပးလိုက္တဲ့ ဓာတ္ပုံထဲက ရမွတ္ေတြကို ၾကည့္ျခင္းအားျဖင့္ Snapdragon 855 ကို RAM 12GB နဲ႔ေပါင္းစပ္ေပးထားလို႔ Mi 9 Transparent Edition က ထိပ္ဆုံးေရာက္ရွိေနတာ မထူးဆန္းေပမယ့္ Gaming စမတ္ဖုန္းျဖစ္တဲ့ Black Shark 2 က Mi 9 ေအာက္ေရာက္ေနတာကေတာ့ မျဖစ္သင့္ဘူးလို႔ ျမင္မိပါတယ္။

နံပါတ္ ၄ နဲ႔ ၅ ေနရာေတြမွာ Snapdragon 855 ကိုပဲ အသုံးျပဳထားတဲ့ Meizu 16s နဲ႔ Vivo iQOO Monster တို႔က ရပ္တည္ေနၿပီး နံပါတ္ ၆ နဲ႔ ၇ ေနရာေတြမွာေတာ့ Samsung Galaxy S10 နဲ႔ S10 Plus တို႔က ရပ္တည္ေနပါတယ္။ Samsung က တ႐ုတ္ႏိုင္ငံမွာ Snapdragon SoC အသုံးျပဳ စမတ္ဖုန္းေတြကိုပဲ တင္သြင္းေလ့ရွိေပမယ့္ ေဖာ္ျပပါ Galaxy S10 နဲ႔ S10 Plus တို႔က Exynos 9820 အသုံးျပဳ စမတ္ဖုန္းလား ဒါမွမဟုတ္ Snapdragon 855 အသုံးျပဳ စမတ္ဖုန္းလားဆိုတာကို အတိအက် မသိရပါဘူး။

နံပါတ္ ၈ ကို Vivo iQOO စမတ္ဖုန္းက သိမ္းပိုက္ထားၿပီး နံပါတ္ ၉ ေနရာကိုေတာ့ မႏွစ္က ထြက္ရွိခဲ့တဲ့ Snapdragon 845 ကို RAM 10GB နဲ႔ တြဲစပ္ေပးထားတဲ့ Nubia Red Devils Mars က ထူးထူးဆန္းဆန္း သိမ္းပိုက္ထားႏိုင္ပါတယ္။ နံပါတ္ ၁၀ ေနရာမွာေတာ့ Kirin 980 ကို အသုံးျပဳထားတဲ့ Honor View 20 က ရပ္တည္ေနပါတယ္။

Ref : GsmArena

[Unicode]

စွမ်းဆောင်ရည် အကောင်းဆုံးစမတ်ဖုန်း ထိပ်ဆုံး ၃နေရာကို Xiaomi သိမ်းပိုက် (AnTuTu)

AnTuTu ဟာ ဧပြီလရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး Android စမတ်ဖုန်းစာရင်းကို တရုတ်နိုင်ငံအတွက် ထုတ်ပြန်ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။ ထူးခြားတာက ဧပြီလ စာရင်းမှာ ထိပ်ဆုံး ၃နေရာကို ဆုပ်ကိုင်ထားသူတွေဟာ Xiaomi စမတ်ဖုန်းတွေ ဖြစ်နေတာပါ။

စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်းအဖြစ် နံပါတ် ၁ နေရာကို ပိုင်ဆိုင်ထားသူဟာ Xiaomi Mi 9 Transparent Edition ဖြစ်ပြီး စုစုပေါင်း ရမှတ် ၃၇၃,၇၁၅မှတ်အထိ ရရှိထားပါတယ်။ နံပါတ် ၂ နေရာမှာ Xiaomi Mi 9 က ရပ်တည်နေပြီး နံပါတ် ၃ နေရာမှာတော့ Gaming စမတ်ဖုန်း ဖြစ်တဲ့ Xiaomi Black Shark 2 က ရပ်တည်နေပါတယ်။ AnTuTu က ထုတ်ပြန်ပေးလိုက်တဲ့ ဓာတ်ပုံထဲက ရမှတ်တွေကို ကြည့်ခြင်းအားဖြင့် Snapdragon 855 ကို RAM 12GB နဲ့ပေါင်းစပ်ပေးထားလို့ Mi 9 Transparent Edition က ထိပ်ဆုံးရောက်ရှိနေတာ မထူးဆန်းပေမယ့် Gaming စမတ်ဖုန်းဖြစ်တဲ့ Black Shark 2 က Mi 9 အောက်ရောက်နေတာကတော့ မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။

နံပါတ် ၄ နဲ့ ၅ နေရာတွေမှာ Snapdragon 855 ကိုပဲ အသုံးပြုထားတဲ့ Meizu 16s နဲ့ Vivo iQOO Monster တို့က ရပ်တည်နေပြီး နံပါတ် ၆ နဲ့ ၇ နေရာတွေမှာတော့ Samsung Galaxy S10 နဲ့ S10 Plus တို့က ရပ်တည်နေပါတယ်။ Samsung က တရုတ်နိုင်ငံမှာ Snapdragon SoC အသုံးပြု စမတ်ဖုန်းတွေကိုပဲ တင်သွင်းလေ့ရှိပေမယ့် ဖော်ပြပါ Galaxy S10 နဲ့ S10 Plus တို့က Exynos 9820 အသုံးပြု စမတ်ဖုန်းလား ဒါမှမဟုတ် Snapdragon 855 အသုံးပြု စမတ်ဖုန်းလားဆိုတာကို အတိအကျ မသိရပါဘူး။

နံပါတ် ၈ ကို Vivo iQOO စမတ်ဖုန်းက သိမ်းပိုက်ထားပြီး နံပါတ် ၉ နေရာကိုတော့ မနှစ်က ထွက်ရှိခဲ့တဲ့ Snapdragon 845 ကို RAM 10GB နဲ့ တွဲစပ်ပေးထားတဲ့ Nubia Red Devils Mars က ထူးထူးဆန်းဆန်း သိမ်းပိုက်ထားနိုင်ပါတယ်။ နံပါတ် ၁၀ နေရာမှာတော့ Kirin 980 ကို အသုံးပြုထားတဲ့ Honor View 20 က ရပ်တည်နေပါတယ်။

Ref : GsmArena