[Zawgyi]
ဒီနေ့မှာတော့ AnTuTu ဟာ တရုတ်ပြည်တွင်းအတွက် မဟုတ်ဘဲ နိုင်ငံတကာဈေးကွက်မှာ တင်ပို့ရောင်းချနေတဲ့ စမတ်ဖုန်းတွေထဲက စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ၁၀မျိုးရဲ့ စာရင်းကို မတ်လအတွက် ထပ်မံ ထုတ်ပြန်ကြေညာလာပါတယ်။ AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်အရဆိုရင် တရုတ်ဈေးကွက်မှာ နံပါတ် (၂) နေရာ ရရှိခဲ့တဲ့ Snapdragon 855 SoC အသုံးပြု Xiaomi Mi 9 ဟာ နိုင်ငံတကာဈေးကွက်မှာတော့ နံပါတ် (၁) နေရာကို ရမှတ် ၃၇၁၄၂၃မှတ်နဲ့အတူ ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။
Ref : Gizmochina , AnTuTu
[Unicode]
နိုင်ငံတကာစျေးကွက်အတွက် စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ၁၀မျိူး (AnTuTu/March)
AnTuTu ဟာ မတ်လအတွက် တရုတ်နိုင်ငံရှိ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ၁၀မျိူးရဲ့ စာရင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ အဆိုပါ စာရင်းရဲ့ နံပါတ် (၁)နေရာမှာ ရပ်တည်နေသူက Xiaomi Mi 9 Explorer Edition ဖြစ်ပြီး၊ နံပါတ် (၂) နဲ့ နံပါတ် (၃) နေရာတွေကိုတော့ သာမန် Xiaomi Mi 9 နဲ့ Vivo iQOO Monster တို့က ပိုင်ဆိုင်ထားကြပါတယ်။
ဒီနေ့မှာတော့ AnTuTu ဟာ တရုတ်ပြည်တွင်းအတွက် မဟုတ်ဘဲ နိုင်ငံတကာစျေးကွက်မှာ တင်ပို့ရောင်းချနေတဲ့ စမတ်ဖုန်းတွေထဲက စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ၁၀မျိူးရဲ့ စာရင်းကို မတ်လအတွက် ထပ်မံ ထုတ်ပြန်ကြေညာလာပါတယ်။ AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်အရဆိုရင် တရုတ်စျေးကွက်မှာ နံပါတ် (၂) နေရာ ရရှိခဲ့တဲ့ Snapdragon 855 SoC အသုံးပြု Xiaomi Mi 9 ဟာ နိုင်ငံတကာစျေးကွက်မှာတော့ နံပါတ် (၁) နေရာကို ရမှတ် ၃၇၁၄၂၃မှတ်နဲ့အတူ ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။
နံပါတ် (၂) နဲ့ နံပါတ် (၃) နေရာတွေကို Snapdragon 855 SoC အသုံးပြု စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S10 နဲ့ Vivo iQOO Monster တို့က ပိုင်ဆိုင်ထားတာဖြစ်ပြီး နံပါတ် (၄)၊ (၅)၊ (၆) နေရာတွေကိုတော့ Exynos 9820 SoC အသုံးပြု Samsung Galaxy S10 Plus, S10 နဲ့ S10e တို့က အသီးသီး ပိုင်ဆိုင်ထားပါတယ်။
တစ်ချိန်က AnTuTu အမှတ်ပေးဇယားမှာ မင်းမူခဲ့တဲ့၊ HiSilicon Kirin 980 SoC အသုံးပြု စမတ်ဖုန်းတွေဖြစ်တဲ့ Honor V20, Huawei Mate 20X နဲ့ Huawei P30 Pro တို့ကတော့ နံပါတ် (၇)၊ (၈)၊ (၉) နေရာကို အသီးသီး ရောက်ရှိသွားပါတယ်။ နံပါတ် (၁၀) နေရာကို ရောက်ရှိနေသူက Xiaomi MIX 3 ဖြစ်ပြီး ထူးဆန်းစွာပဲ Snapdragon 845 SoC အသုံးပြု စမတ်ဖုန်းက လက်ရှိအချိန်ထိ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ၁၀မျိူး စာရင်းမှာ ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။
Ref : Gizmochina , AnTuTu