[Zawgyi]

Apple ဟာ ၂၀၁၉ ခုႏွစ္အတြက္ iPhone သစ္ေတြကို ေၾကညာသြားခဲ့ေပမယ့္လည္း Specs အျပည့္အစုံကိုေတာ့ ထည့္သြင္းအသိေပးသြားျခင္း မရွိခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရက္က Geekbench မွာ ေတြ႕ျမင္ရတဲ့ အခ်က္အလက္အရ iPhone 11 Pro ဟာ 4GB of RAM နဲ႔ ျဖစ္တယ္လို႔ သိခဲ့ရပါတယ္။ ဒါေပမယ့္ iPhone 11 ေတြအားလုံးအေၾကာင္းေတာ့ မသိခဲ့ရပါဘူး။

အခုတစ္ခါမွာေတာ့ AnTuTu က Weibo မွာ iPhone 11 ေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္တစ္ခုကို ေဝမွ်ခဲ့ပါတယ္။ အဲဒါကေတာ့ iPhone 11 သုံးမ်ိဳးစလုံးဟာ မန္မိုရီ 4GB of RAM ေတြနဲ႔ပဲ ျဖစ္တယ္ဆိုတဲ့ အေၾကာင္းပါ။ AnTuTu ရဲ႕ Screen Shot မွာ iPhone 11, 11 Pro, 11 Pro Max တို႔ရဲ႕ ရမွတ္အသီးသီးကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

iPhone 11 ေတြအားလုံးဟာ 4GB of RAM ေတြပဲ ျဖစ္ၾကေပမယ့္ Apple ရဲ႕ ေနာက္ဆုံးေပၚ A13 Bionic chipset နဲ႔ တြဲဖက္လိုက္တဲ့အခါ ရလဒ္ေကာင္းေတြကို ယူေဆာင္ႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္က AnTuTu ရမွတ္ေတြထြက္ေပၚလာျခင္းက iPhone 11 Pro ေတြမွာ မန္မိုရီ 6GB အမ်ိဳးအစားလည္း ရွိဦးမယ္ဆိုတဲ့ ေကာလာဟလကို ေမွးမွိန္သြားေစတာပဲ ျဖစ္ပါတယ္။

လက္ရွိ iPhone 11 ေတြရဲ႕ ရမွတ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္က iPhone XS, XS Max ေတြနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ပ်မ္းမွ် ၂၈% ေလာက္ တိုးတက္ေကာင္းမြန္လာတာကို ေတြ႕ျမင္ရပါတယ္။ GPU စြမ္းေဆာင္ရည္ကိုၾကည့္မယ္ဆိုရင္လည္း မႏွစ္ကထက္ ပိုၿပီးျမင့္မားေနတာကို ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ရတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

AnTuTu listing အရ iPhone 11 တွေအားလုံးမှာ RAM 4GB သာသုံးထားကြောင်းတွေ့ရ

Apple ဟာ ၂၀၁၉ ခုနှစ်အတွက် iPhone သစ်တွေကို ကြေညာသွားခဲ့ပေမယ့်လည်း Specs အပြည့်အစုံကိုတော့ ထည့်သွင်းအသိပေးသွားခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရက်က Geekbench မှာ တွေ့မြင်ရတဲ့ အချက်အလက်အရ iPhone 11 Pro ဟာ 4GB of RAM နဲ့ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် iPhone 11 တွေအားလုံးအကြောင်းတော့ မသိခဲ့ရပါဘူး။

အခုတစ်ခါမှာတော့ AnTuTu က Weibo မှာ iPhone 11 တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တစ်ခုကို ဝေမျှခဲ့ပါတယ်။ အဲဒါကတော့ iPhone 11 သုံးမျိုးစလုံးဟာ မန်မိုရီ 4GB of RAM တွေနဲ့ပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းပါ။ AnTuTu ရဲ့ Screen Shot မှာ iPhone 11, 11 Pro, 11 Pro Max တို့ရဲ့ ရမှတ်အသီးသီးကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

iPhone 11 တွေအားလုံးဟာ 4GB of RAM တွေပဲ ဖြစ်ကြပေမယ့် Apple ရဲ့ နောက်ဆုံးပေါ် A13 Bionic chipset နဲ့ တွဲဖက်လိုက်တဲ့အခါ ရလဒ်ကောင်းတွေကို ယူဆောင်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။ နောက်တစ်ချက်က AnTuTu ရမှတ်တွေထွက်ပေါ်လာခြင်းက iPhone 11 Pro တွေမှာ မန်မိုရီ 6GB အမျိုးအစားလည်း ရှိဦးမယ်ဆိုတဲ့ ကောလာဟလကို မှေးမှိန်သွားစေတာပဲ ဖြစ်ပါတယ်။

လက်ရှိ iPhone 11 တွေရဲ့ ရမှတ်တွေဟာ ပြီးခဲ့တဲ့နှစ်က iPhone XS, XS Max တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ပျမ်းမျှ ၂၈% လောက် တိုးတက်ကောင်းမွန်လာတာကို တွေ့မြင်ရပါတယ်။ GPU စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်လည်း မနှစ်ကထက် ပိုပြီးမြင့်မားနေတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရတာ ဖြစ်ပါတယ်။

Ref: GSM Arena