Zawgyi

လစဥ္ Antutu ကေန ထုတ္ျပန္ေနၾက အျမန္ဆန္ဆံုးစမတ္ဖုန္း ၁၀ လံုးက အခုအခ်ိန္မွာဆုိရင္ ျပီးခဲ့တဲ့ ဇြန္လအတြက္ List ကို ထုတ္ေပးလုိက္ျပီျဖစ္ပါတယ္။ အခု List ဟာဆုိရင္ Antutu Benchmark မွာ အမွတ္အမ်ားဆံုးဖုန္း ၁၀ လံုးကို ေဖာ္ျပထားတာျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္အေကာင္းဆံုးဖုန္းေတြဆုိရင္လည္းမမွားပါဘူး။

ဒီျပီးခဲ့တဲ့ ဇြန္လအတြက္ေတာ့ ZTE ရဲ႕ Nubia Red Magic 3 ဖုန္းက ရမွတ္ေပါင္း 382,331 မွတ္နဲ႔ နံပါတ္ (၁) ေနရာကို ရယူထားျပီးေတာ့ အဆိုပါဖုန္းက လက္ရွိဖုန္းေတြထဲကမွာ ပထမဆံုးအေနနဲ႔ CPU Fan ပါဝင္တဲ့ Gaming Phone တစ္ခုလညး္ျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ Xiaomi ရဲ႕ Gaming Phone တစ္ခုျဖစ္တဲ့ Black Shark 2 က ေနရာယူထားျပန္ပါတယ္။ အဲ့ဒါေၾကာင့္ ျပီးခဲ့တဲ့လမွာေတာ့ Gaming Phone ေတြၾကီးစိုးေနခဲ့တဲ့လုိ႔ေျပာလုိ႔ရပါတယ္။

ေနာက္ထပ္ တတိယေနရာမွာေတာ့ Xiaomi Mi 9 Transparent Edition က ေနရာယူထားျပီး စတုတၳေနရာမွာလည္း Xiaomi Mi 9 က ေနရာယူထားျပန္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ 90Hz Quad HD+ AMOLED Display နဲ႔ OnePlus 7 Pro က ေနရာယူထားပါတယ္။

ေနာက္ဖုန္းေတြအေနနဲ႔ကေတာ့ Meizu 16S ၊ OnePlus 7 နဲ႔ အတူ Redmi K20 Pro ဖုန္းနဲ႔ Galaxy S10 Series ဖုန္းေတြက Top (10) List ထဲ အသီးသီးပါဝင္ေနတာျဖစ္ပါတယ္။

Ref – Gizmo China

Unicode

လစဉ် Antutu ကနေ ထုတ်ပြန်နေကြ အမြန်ဆန်ဆုံးစမတ်ဖုန်း ၁၀ လုံးက အခုအချိန်မှာဆိုရင် ပြီးခဲ့တဲ့ ဇွန်လအတွက် List ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု List ဟာဆိုရင် Antutu Benchmark မှာ အမှတ်အများဆုံးဖုန်း ၁၀ လုံးကို ဖော်ပြထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတွေဆိုရင်လည်းမမှားပါဘူး။

ဒီပြီးခဲ့တဲ့ ဇွန်လအတွက်တော့ ZTE ရဲ့ Nubia Red Magic 3 ဖုန်းက ရမှတ်ပေါင်း 382,331 မှတ်နဲ့ နံပါတ် (၁) နေရာကို ရယူထားပြီးတော့ အဆိုပါဖုန်းက လက်ရှိဖုန်းတွေထဲကမှာ ပထမဆုံးအနေနဲ့ CPU Fan ပါဝင်တဲ့ Gaming Phone တစ်ခုလည်းဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ Xiaomi ရဲ့ Gaming Phone တစ်ခုဖြစ်တဲ့ Black Shark 2 က နေရာယူထားပြန်ပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့လမှာတော့ Gaming Phone တွေကြီးစိုးနေခဲ့တဲ့လို့ပြောလို့ရပါတယ်။

နောက်ထပ် တတိယနေရာမှာတော့ Xiaomi Mi 9 Transparent Edition က နေရာယူထားပြီး စတုတ္ထနေရာမှာလည်း Xiaomi Mi 9 က နေရာယူထားပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ 90Hz Quad HD+ AMOLED Display နဲ့ OnePlus 7 Pro က နေရာယူထားပါတယ်။

နောက်ဖုန်းတွေအနေနဲ့ကတော့ Meizu 16S ၊ OnePlus 7 နဲ့ အတူ Redmi K20 Pro ဖုန်းနဲ့ Galaxy S10 Series ဖုန်းတွေက Top (10) List ထဲ အသီးသီးပါဝင်နေတာဖြစ်ပါတယ်။

Ref – Gizmo China