[Zawgyi]





Ref : gsmarena

[Unicode]

သြဂုတ်လရဲ့ စွမ်းရည်အမြင့်ဆုံး ဖုန်း ဖြစ်လာတဲ့ Xiaomi Black Shark 2 Pro

ဖုန်းတွေရဲ့ စွမ်းရည်ကို စမ်းသပ်တဲ့ AnTuTu က သြဂုတ်လရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်း စာရင်းကို ကြေညာလိုက်ပါတယ်။ Xiaomi Black Shark 2 Pro ဟာ ၄၆၉,၇၀၈ မှတ်ရသွားပြီး နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ တရုတ်မှာသာ ရသေးတဲ့ AnTuTu Version 8 နဲ့ အဆင့်တွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဖုန်း ၁ လုံးချင်းစီရဲ့ ပျမ်းမျှ Rating တွေကို အခြေပြုပြီး အမှတ်တွေ ပေးထားတာ ဖြစ်ပါတယ်။ AnTuTu Version အသစ်မှာ Storage Results ကို အဓိက အလေးပေးထားတဲ့အတွက် Configuration ပေါ်မူတည်ပြီး ဖုန်း ၁ လုံးဟာ အမှတ်တွေ ကွဲပြားနိုင်ပါတယ်။

Black Shark 2 Pro ရဲ့ 12GB RAM/256GB Storage Model ဟာ ROG Phone 2 (8GB RAM/128GB Storage) Model ရဲ့ ၄၆၉,၅၉၀ ထက် အနည်းငယ်ပိုများပါတယ်။ AnTuTu ရဲ့ စွမ်းရည်အမြင့်ဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Snapdragon 855+ Chipset ထည့်ထားတဲ့ ဖုန်းဆိုလို့ အဲဒီ ၂ လုံးပဲ ပါပါတယ်။ တခြား ဖုန်းတွေမှာ Snapdragon 855 Chipset ထည့်ထားတာပါ။ နံပါတ် ၃ နေရာကို OnePlus 7 Pro ရဲ့ 12/256GB Model က သိမ်းပိုက်ထားပြီး ၄၄၇,၃၄၅ မှတ်ရထားပါတယ်။

သူ့အနောက်မှာ နောက်ထပ် Gaming Phone ဖြစ်တဲ့ ZTE nubia Red Magic 3 ၊ OnePlus 7 နဲ့ Black Shark 2 တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ Xiaomi Mi 9 Explorer Edition က နံပါတ် ၇ နေရာမှာ ရှိပါတယ်။ နောက်ဆုံး ၃ နေရာကို ZTE Axon 10 Pro 5G ၊ Meizu 16s နဲ့ Redmi K20 Pro တို့ ရရှိထားပါတယ်။

Ref : gsmarena