EA ရဲ့ CEO Andrew Wilson က နာမည်ကျော် ဂိမ်းဖြစ်တဲ့ Apex Legends ကို မိုဘိုင်းအတွက် ဖြန့်ချိပေးတော့မယ်လို့ ရင်းနှီးမြှပ်နှံသူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ အဲဒီဂိမ်းကို Xbox , PC နဲ့ PlayStation တို့အတွက် ဖြန့်ချိပေးထားပြီးပြီ ဖြစ်ပြီး EA က မိုဘိုင်း နယ်ပယ်ကို နယ်ချဲ့တော့မှာ ဖြစ်ပါတယ်။

EA က Apex Legends ကို ဖန်တီးထားတဲ့ ဂိမ်း စတူဒီယို ဖြစ်တဲ့ Respawn Entertainment ဟာ Android နဲ့ iOS အပြင် Nintendo Switch အတွက်လည်း ဖန်တီးနေတယ်လို့ ဒီနှစ် အစောပိုင်းက ပြောခဲ့ပါတယ်။ Fortnite နဲ့ PUBG Mobile ဂိမ်းတွေဟာ အရမ်းကို အောင်မြင်နေတဲ့အတွက် EA ကလည်း ရင်ဘောင်တန်းနိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။  Apex Legends ကို ဒီနှစ်ထဲမှာ မိုဘိုင်းမှာ ကစားလို့ရတော့မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရက်စ်ကြောင့် EA ဟာ ဒီနှစ် အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Apex Legends Global Series (ALGS) ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် ALGS Online Tournament ကိုတော့ မတ်လထဲမှာ အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

Ref : gsmarena