Geekbench ရဲ့ အစောပိုင်း  စမ်းသပ်မှုအရ Apple A16 Chipset ဟာ အနည်းငယ်ပဲ တိုးတက်လာတယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ AnTuTu ရဲ့ စမ်းသပ်မှုမှာ iPhone 14 နဲ့ 14 Pro Max ရဲ့ တိုးတက်မှုဟာ ပိုကောင်းလာပါတယ်။

Pro ဟာ စုစုပေါင်း ရမှတ် ၉၇၈,၁၄၇ နဲ့ Pro Max ဟာ ၉၇၂,၉၃၆ ရထားပါတယ်။ အဲဒီအတွက် 13 Series မော်ဒယ်တွေနဲ့ ယှဉ်ရင် ၁၉ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာပါတယ်။ ( iPhone 14 နဲ့ 14 Plus မှာတော့ iPhone 13 Pro တွေရဲ့ Chipset ကိုပဲ သုံးထားပြီး 6GB RAM ထည့်သွင်းပေးထားပါတယ်။ )

Apple A16 chip shows an impressive +28% improvement in GPU score on AnTuTu test

အသေးစိတ်လေ့လာကြည့်ရင် အရင်မျိုးဆက်တွေထက် CPU စွမ်းဆောင်ရည်ဟာ ၁၇ ရာခိုင်နှုန်း၊ Memory ဟာ ၁၀ ရာခိုင်နှုန်းနဲ့ GPU စွမ်းဆောင်ရည်ဟာ ၂၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Apple ဟာ အဲဒီအကြောင်းကို မိတ်ဆက်ပွဲမှာ မပြောသွားတာ အံ့အားသင့်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမြင့်မားဆုံး တိုးတက်မှု ဖြစ်လို့ပါပဲ။

အခု စမ်းသပ်ခဲ့တဲ့ iPhone 14 Pro ၂ လုံးမှာ 1TB Storage ပါတဲ့အတွက် ဒီထက် ပမာဏနည်းတဲ့ မော်ဒယ်တွေထက် အနည်းငယ် အသာရစေပါတယ်။ A16 Chipset ရဲ့ စွမ်းဆောင်ရည်က အရင်နှစ် Chip ထက် အများကြီး တိုးတက်လာတာမြင်ရပါတယ်။

Snapdragon 8+ Gen 1 ရဲ့ ရမှတ်က ၁,၀၀၀,၀၀၀ ဝန်းကျင်မှာ ရှိပြီး Asus ROG Phone 6 ဟာ ၁,၁၁၀,၁၇၂ မှတ်ရထားကာ CPU မှာ ၂၆၁,၇၀၈ မှတ်နဲ့ GPU မှာ ၄၆၉,၅၉၂ မှတ် ရထားပါတယ်။

Ref : gsmarena