Apple AirPods 3 ဟာ AirPods Pro လို In-ear ဒီဇိုင်း ပါလာမှာ ဖြစ်ပေမယ့် Active Noise Cancellation မပါလာဘူးလို့ အောက်တိုဘာလမှာ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဒီသတင်းဟာ ပိုမိုခိုင်မာလာပြီ ဖြစ်ပြီး တောင်ကိုရီးယား နည်းပညာ မီဒီယာ The Elec က ထပ်မံ အတည်ပြုပေးလိုက်တာပါ။ The Elec က နောက်မျိုးဆက် AirPods ကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လုပ်ရောင်းချမယ်လို့လည်း သတင်းပေးလာပါတယ်။

Apple AirPods 3 to feature AirPods Pro design and no ANC

တတိယ မျိုးဆက် AirPods ရဲ့ ဒီဇိုင်းဟာ လက်ရှိ ရောင်းချထားတဲ့ AirPods Pro နဲ့ တူညီမှာ ဖြစ်ပြီး Apple H1 Chip မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ AirPods အသစ်ဟာ စတင် ရောင်းချချိန်မှာ AirPods Pro ရဲ့ ၂၄၉ ဒေါ်လာထက် ၂၀ ရာခိုင်နှုန်း ဈေးသက်သာမယ်လို့ သတင်းထွက်နေတဲ့အတွက် ဒေါ်လာ ၂၀၀ လောက်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

Apple tests AirPods production in Vietnam as it cuts China reliance - Nikkei Asia

AirPods ရဲ့ အရည်အသွေး စမ်းသပ်မှုကို ဒီနှစ် မကုန်ခင် ပြုလုပ်မယ်လို့ သတင်းထွက်နေပြီး ထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စတင်မယ်လို့ ထင်ရပါတယ်။ အရင်သတင်းတွေအရ နောက်မျိုးဆက် AirPods Pro ဟာ လုံးဝန်းတဲ့ ဒီဇိုင်း ဖြစ်ပြီး Stem မပါလာတော့သလို အရွယ်အစား ကျစ်လစ်သေးငယ်မယ်လို့ သိရပါတယ်။

Ref : gsmarena