Apple ရဲ့ ဟန်းဆက်ပဲ ဘူးထဲထည့်ပေးတဲ့ကိစ္စ တကယ်ဖြစ်လာပြီးတဲ့နောက် Hearable တွေနဲ့ပတ်သက်တဲ့ သတင်းတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့တယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးကတော့ iPhone 12 တွေ ကြေညာတုန်းက Beats Flex ကိုလည်း တပါတည်း မိတ်ဆက်သွားပါတယ်။ ဒါပေမယ့် Fan တွေကတော့ AirPods နဲ့ AirPods Pro တို့ကို ဆက်ခံမယ့် AirPods တွေအကြောင်းလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

Over-ear AirPods Studio headphone တွေကတော့ ကံမကောင်းစွာနဲ့ပဲ ဒီဇိုင်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် နှောင့်နှေးနေပြီး သတင်းဆိုးတွေကိုပဲ သယ်ယူလာတာ ဖြစ်ပါတယ်။ Bloomberg ကတော့ Apple ဟာ AirPods Pro လိုမျိုး Standard AirPods ဖြစ်ဖို့ လုပ်ဆောင်နေပြီး၊ ဒါဟာ လာမယ်နှစ်အတွက် အပြောင်းအလဲတစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘက်ထရီသက်တမ်း သိသိသာသာ တိုးတက်လာစေဖို့အတွက် Noise-cancellation ကတော့ အလှည့်အပြောင်းကိုယူဆောင်လာမယ်လို့ မဆိုနိုင်သေးပါဘူး။ အခြားတစ်ဘက်မှာလည်း Pro မော်ဒယ်ဟာ အနည်းငယ်ကွဲပြားတဲ့ ဒီဇိုင်းရှိမယ်လို့ ဆိုပါတယ်။ Stem ကလည်း အနည်းငယ်ကျဉ်းမြောင်းသွားပြီး ကိုယ်ထည်တစ်ခုလုံးလည်း ပိုပြီးသေးငယ်သွားမယ်လို့ သိရပါတယ်။

Apple ဟာ လက်ရှိအချိန်မှာ ဒီဇိုင်းသစ်ကြောင့် စိန်ခေါ်မှုအချို့နဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ အကြောင်းက မူလ AirPods Pro က တူညီတဲ့ Hardware တွေကို သေးငယ်တဲ့ ကိုယ်ထည်ထဲထည့်သွင်းရမှာဖြစ်လို့ပါပဲ။ AirPods studio ကတော့ ကနဦး ရှေ့ပြေးပုံစံနဲ့ အတော်လေးကို သွေဖယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ Pads တွေကိုလည်း လဲလှယ်ထားတယ်ဆိုပေမယ့် Headphones က Touchpads အရွယ်အစားကို လျှော့ချထားတယ်လို့ သိရပါတယ်။

Ref: GSM Arena