Apple ဟာ သူ့ရဲ့ AirPods တွေမှာ ဆူညံသံတွေကို ပိုပြီးလျှော့ချပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီအတွက် AirPods တွေအတွက် Over-ear noise-canceling ဗားရှင်းဖြစ်တဲ့ AirPods Studio ကို ထုတ်တော့မယ်လို့ ကောလာဟလသတင်း ထွက်လာပါတယ်။

ပြီးခဲ့တဲ့သတင်းတွေနဲ့ ခန့်မှန်းတွက်ချက်မှုတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ AirPods Studio တွေဟာ ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်မှာ ထွက်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ကြတာပါ။ Analysis တစ်ခုအရ Apple ရဲ့ AirPods မိသားစုအတွက် ကုန်ကြမ်းထောက်ပံ့သူက Studio မျိုးကွဲအတွက် ထုတ်လုပ်မှုကို စတင်နေပြီလို့ ဆိုပါတယ်။

ဒါကြောင့် Apple အနေနဲ့ AirPods Studio တွေအကြောင်းကို မကြာခင်မှာ ကြေညာဖွယ်ရှိပြီး အနီးစပ်ဆုံးကတော့ လာမယ့်လ ဖြစ်နိုင်ပါတယ်။ MacRumors ကတော့ လာမယ့်ဇွန်လကုန် Apple ရဲ့ Worldwide Developer Conference မှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ကောလာဟလတွေအရတော့ AirPod Studio ကို $349 (၄ သိန်း ၉  သောင်းဝန်းကျင်) နဲ့ရောင်းချမယ်လို့ ဖော်ပြနေကြပါတယ်။ မတူညီတဲ့ မျိုးကွဲအဖြစ် လေ့ကျင့်ခန်းလုပ်ရာမှာ သက်တောင့်သက်သာဖြစ်စေမယ့် Premium Leather နဲ့ပြုလုပ်ထားတာမျိုးလည်း ရှိဦးမယ်လို့ ဆိုပါတယ်။

Ref: GSM Arena