Apple ဟာ လာမယ့် ၂၀၃၀ မှာ လုံးလုံးလျားလျား Carbon Neutral (ကာဗွန်ထုတ်လုပ်ခြင်းကင်းမဲ့) ဖြစ်လာမယ်လို့ ကတိပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးဟာ လာမယ့် ၁၀ နှစ်တာကာလအတွင်း သူတို့ရဲ့ ရည်မှန်းချက်ပြည့်ဖို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။


Apple ရဲ့အဆိုအရ “Zero climate impact” ဟာ အဆုံးသတ်ပန်းတိုင် ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ အခြား Supplier တွေနဲ့ပူးပေါင်းပြီး လာမယ့် ၂၀၃၀ မှာ ကာဗွန်ထုတ်လုပ်ခြင်းကင်းမဲ့နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ကမ္ဘာမြေရဲ့ ရာသီဥတုပြောင်းလဲလာမှုကိုလည်း သက်ရောက်မှု ဖြစ်လာစေပါလိမ့်မယ်။

လာမယ့်၁၀နှစ်အတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံဟာ ထုတ်ကုန်ဒီဇိုင်း ဆင့်ကဲပြောင်းလဲခြင်း၊ ပေးသွင်းသူရဲ့ ကုန်ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း စတဲ့ Apple ရဲ့ တီထွင်ဆန်းသစ်မှုစီးရီးပေါ်မှာ အခြေခံထားပါတယ်။ အဓိပ္ပါယ်က ကုန်ကြမ်းပေးသွင်းမှု ကွင်းဆက်ကို သဘာဝပတ်ဝန်းကျင်နဲ့ အဆင်ပြေလွယ်ကူတဲ့ စံနှုန်းကို ကျင့်သုံးတာ ဖြစ်ပါတယ်။


Apple ဟာ လာမယ့် ၁၀ နှစ်အတွင်း သူ့ရဲ့ထုတ်လွှတ်ခြင်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ အစီအစဉ်ချမှတ်ထားပြီး၊ ကာဗွန်ဖယ်ရှားတဲ့ နည်းစနစ်သစ်ကိုလည်း ဖွံ့ဖြိုးအောင်ဆောင်ရွက်နေပါတယ်။ ဒီနည်းစနစ်ဟာ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းအတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် iPhone အဟောင်းတွေကို ဖျက်ဆီးပြီး Recycling ပြန်လုပ်ခြင်းကလည်း ကာဗွန်ထုတ်လုပ်ခြင်းကို လျော့ကျစေတဲ့အတွက် စက်ရုပ် “Dave” နဲ့အတူ လုပ်ဆောင်မယ်လို့ သိရပါတယ်။

“Dave” ဟာ လက်ရှိစက်ရုပ် “Daisy” ရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ Supplier ၇၀ ကျော်ကလည်း Apple အတွက် အစိတ်အပိုင်းတွေထုတ်လုပ်ရာမှာ ၁၀၀ ရာခိုင်နှုန်း ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

Ref: Gizmochina