Apple ရဲ့ နောက်ထွက်မယ့် iOS 18 မှာ AI စွမ်းရည်များစွာ ပါလာနိုင်ပါတယ်။ Mark Gurman က Apple နဲ့ OpenAI တို့ ပူးပေါင်းမှုကြောင့် iOS 18 မှာ Generative AI Feature များစွာ ပါလာမယ်လို့ ပြောပါတယ်။ Apple ဟာ WWDC 2024 မှာ iOS 18 ရဲ့ Feature တွေကို ကြေညာနိုင်ပြီး ပိုမိုတိုးတက်လာတဲ့ Siri Voice Assistant ကိုပါ ကြေညာနိုင်ပါတယ်။

Apple Fails During the Double 11 promotion, netizen demand refund

OpenAI ရဲ့ AI နည်းပညာများစွာ iOS 18 မှာ ပါလာနိုင်ပေမယ့် Apple ဟာ တခြား ကုမ္ပဏီတွေရဲ့ AI နည်းပညာတွေကိုလည်း iOS 18 မှာ ထည့်သွင်းထားနိုင်ပါတယ်။ Apple ဟာ iOS 18 မှာ Gemini AI ကို ထည့်သွင်းပေးဖို့ Google နဲ့ ဆွေးနွေးနေပါတယ်။

iOS 18 To Get Notification Summaries, AI Photo Editing As Per Latest Report  - Gizmochina

iOS 18 ရဲ့ AI Feature တွေ ပေါက်ကြားနေပြီး စိတ်ဝင်စားစရာကောင်းပါတယ်။  Emoji တွေကို အလိုအလျှောက် ဖန်တီးနိုင်တဲ့ စွမ်းရည်နဲ့ အီးမေးနဲ့ Message တွေကို အလိုအလျှောက် စာပြန်ပေးတဲ့ စွမ်းရည်တွေ ပါလာမှာပါ။ အဲဒီ AI စွမ်းရည်တွေကြောင့် iPhone Series ဟာ စမတ်ဖုန်းဈေးကွက်မှာ ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။ Google ရဲ့ Pixel Series တွေနဲ့ AI အပိုင်းမှာ အားပြိုင်လာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ AI Feature တွေဟာ iPhone User တွေအတွက် ဆက်သွယ်ရေး အပိုင်းမှာ ပိုမို အသုံးဝင်လာမှာ ဖြစ်ပါတယ်။

ref : gizmochina