Apple ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သတင်းတွေပေါက်ကြားခဲ့သလိုပဲ iPhone 8 နဲ့ iPhone 8 Plus ကို (PRODUCT) Red ဆိုပြီး အနီရောင်နဲ့ ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

Source : Apple

Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း iPhone 7 နဲ့ iPhone 7 Plus ဖုန်းတွေကို (PRODUCT) Red ဆိုပြီး အနီရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး လူကြိုက်များပြီး အားပေးမှုလည်း များပြားခဲ့တဲ့အတွက် Apple က အခုလိုမျိုး iPhone 8 နဲ့ iPhone 8 Plus ကိုလည်း အနီရောင်နဲ့ ထပ်မံထုတ်လုပ်လိုက်တဲ့ပုံပါပဲ။

အခု Apple iPhone 8 နဲ့ 8 Plus Red Edition တွေဟာ နောက်ကျောဘက်က မှန်သားဖြစ်တဲ့အတွက် ပိုပြီးတောင် အနီရောင်က ကြွပြီးလှနေမှာဖြစ်ပြီးတော့ ယခင် iPhone 7 နဲ့ 7 Plus Red Edition တွေတုန်းက ဝေဖန်ခံခဲ့ရတဲ့ ဖုန်းရဲ့ အရှေ့ပိုင်းက အဖြုရောင်ကိုလည်း အမည်းရောင်အဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။

Apple iPhone 8 နဲ့ 8 Plus ဖုန်းတွေဟာ ထွက်ရှိခဲ့တာ ၆ လ လောက်ကြာနေပြီဆိုပေမယ့် အခု အရောင်အသစ်တွေက အခုမှ ဝယ်ယူမယ့်သူတွေကို ဆွဲဆောင်နေဦးမှာပါ။

Apple က အခု iPhone 8 နဲ့ iPhone 8 Plus ဖုန်းတွေကိုပဲ (PRODUCT) Red Edition အနေနဲ့ အနီရောင်ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ iPhone X ကိုတော့ အနီရောင်လယ်သာကာဗာတစ်ခုပဲ ထုတ်ပေးခဲ့ပါတယ်။