ကာလရှည်ကြာ သတင်းတွေထွက်နေတဲ့ MacBook Pro အသစ်တွေကို Apple က တရားဝင် ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် Processor တွေ ထည့်သွင်းထားပြီး ထူးခြားတာက Notch တွေ ပါလာတာပါ။

MacBook Pro 2021

MacBook Pro အတွက် မျက်နှာပြင် အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး ၁၄ လက်မနဲ့ ၁၆ လက်မတို့ ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ 120Hz ProMotion mini-LED မျက်နှာပြင် သို့မဟုတ် Liquid Retina XDR မျက်နှာပြင်တွေ တပ်ဆင်ထားပြီး မျက်နှာပြင်ဘေးဘောင်တွေ ပိုပါးလွှာလာပါတယ်။ Notch မှာ 1080p ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Face ID တော့ မပါလာပါဘူး။ ၁၄ လက်မ မော်ဒယ်မှာ ၁၄.၂ လက်မ 3024x1964p မျက်နှာပြင်နဲ့ ၁၆ လက်မ မော်ဒယ်မှာ ၁၆.၂ လက်မ 3456x2234p မျက်နှာပြင် ထည့်သွင်းထားပါတယ်။

Notch ထည့်ထားပေမယ့် Touchbar ကို ဖယ်ရှားထားကာ Physical Key တွေ တပ်ဆင်ထားပါတယ်။ MagSafe Port ၃ ခုနဲ့ Thunderbolt Port ၄ ခု တပ်ဆင်ထားသလို HDMI Port ၁ ခု၊ Headphone Jack နဲ့ SDXC Card Slot ၁ ခု ထောက်ပံ့ထားပါတယ်။ Spatial Audio ပါတဲ့ စပီကာ ၆ လုံး တပ်ဆင်ထားပါတယ်။

M1 Pro Chipset(8-core CPU) ၊ 16GB RAM နဲ့ 512GB SSD Storage ပါတဲ့ တန်ဖိုးအနည်းဆုံး MacBook Pro 14” မော်ဒယ်ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃၈ သိန်းလောက် ကျသင့်မှာပါ။ M1 Pro Chipset (10-core CPU) ၊ 16GB RAM ၊ 1TB SSD နဲ့ 96W USB-C Power Adapter ပါတဲ့ မော်ဒယ်ကို ၂,၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄၇ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။

Apple MacBook Pro keyboard

10-core M1 Pro Chipset ၊ 16GB RAM ၊ 512GB SSD နဲ့ 140W USB-C Power Adapter ပါတဲ့ တန်ဖိုးအနည်းဆုံး 16” မော်ဒယ်ကို ၂,၄၉၉ ဒေါ်လာသတ်မှတ်ထားပြီး ၄၇ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။ ဒေါ်လာ ၂၀၀ ထပ်ပေးရင် 1TB Storage နဲ့ ဒေါ်လာ ၁,၀၀၀ ထပ်ပေးရင် M1 Max ၊ 32GB RAM နဲ့ 1TB SSD ပါတဲ့ မော်ဒယ်တွေကို ရမှာပါ။ တခြား Configuration တွေကိုလည်း ရွေးချယ်နိုင်ပြီး အမြင့်ဆုံးအနေနဲ့ 64GB RAM အထိ ထုတ်လုပ်ထားပါတယ်။

မော်ဒယ် ၂ ခုစလုံးအတွက် Silver နဲ့ Space Gray အရောင်တွေထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ လာမယ့် ၁ ပတ် ရောင်းမှာပါ။

Ref : gizmochina