Apple က M2 Pro နဲ့ M2 Max Processor အသစ်တွေပါတဲ့ ၂၀၂၃ ခုနှစ်ထုတ် MacBook Pro ၁၄ လက်မနဲ့ ၁၆ လက်မ မော်ဒယ်တွေကို ကြေညာလိုက်ပါတယ်။

Apple announces new MacBook Pro and Mac mini models with M2 Pro and M2 Max

M2 Pro နဲ့ M2 Max Chip တွေဟာ အရင်မျိုးဆက် M1 ထက် CPU စွမ်းရည်က ၂၀ ရာခိုင်နှုန်ုးနဲ့ GPU စွမ်းရည်က ၃၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ Processor အသစ်တွေဟာ Memory Configuration အသစ်တွေကို ထောက်ပံ့လာပါတယ်။ M2 Pro ဟာ 16GB နဲ့ 32GB Option နဲ့ M2 Max ဟာ 32GB, 64GB နဲ့ 96GB Option တွေကို ထောက်ပံ့ပေးပါတယ်။ Storage အပိုင်းမှာ 512GB ကနေ 8TB အထိ ထောက်ပံ့ပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ 16GB RAM နဲ့ 512GB Storage ထည့်ထားပါတယ်။

Apple announces M2 Pro and M2 Max chipsets, promising more processing power and improved power efficiency: Digital Photography Review

Processor အသစ်တွေဟာ ဘက်ထရီ သက်တမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။ ၁၄ လက်မ မော်ဒယ်ဟာ ဗီဒီယိုကြည့်ရင် ၁၈ နာရီ၊ ဝက်ဘ်ဆိုက်တွေကြည့်ရင် ၁၂ နာရီ နဲ့ ၁၆ လက်မ မော်ဒယ်ဟာ ဗီဒီယိုကြည့်ရင် ၂၂ နာရီ၊ ဝက်ဘ်ဆိုက်တွေကြည့်ရင် ၁၅ နာရီ အသုံးခံပါတယ်။

MacBook Pro မော်ဒယ်အသစ်တွေမှာ ဆက်သွယ်ရေး ပိုကောင်းလာပြီး WiFi 6E ထောက်ပံ့ထားကာ HDMI ကို 2.1 Standard အထိ တိုးမြှင့်ထားပါတယ်။ 60Hz 8K နဲ့ 240Hz 4K တွေကို ထောက်ပံ့ပေးပါတယ်။

၁၄ လက်မ မော်ဒယ်အတွက် ၁,၉၉၉ ၊ ၂,၄၉၉ နဲ့ ၃,၀၉၉ ဒေါ်လာ မော်ဒယ်တွေနဲ့ ၁၆ လက်မ မော်ဒယ်အတွက် ၂,၄၉၉ ၊ ၂,၆၉၉ နဲ့ ၃,၄၉၉ ဒေါ်လာ မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena