Xiaomi ရဲ့ လျှပ်စစ်ကားကို Apple User တွေ အကြိုက်တွေ့နေကြပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို အခုမှ ဝင်ရောက်လာတာ ဖြစ်ပေမယ့် Xiaomi SU7 ကို Apple User ၅၁.၉ ရာခိုင်နှုန်းက ဝယ်ယူထားကြပါတယ်။

ဘေဂျင်း Auto Show မှာ CEO Lei Jun က Apple User တွေဟာ Xiaomi SU7 ကို အစောဆုံး ဝယ်ယူထားကြတယ်လို့ ပြောပါတယ်။

Apple ဟာ ဆယ်စုနှစ်ကြာတဲ့ ကား စီမံကိန်းကို ရပ်နာခဲ့ပြီး Xiaomi ကတော့ ၃ နှစ်အတွင်း လျှပ်စစ်ကား ဈေးကွက်ထဲဝင်ရောက်လာနိုင်ခဲ့ပါတယ်။ အခုဆိုရင် Xiaomi  ဟာ ပထမဆုံး လျှပ်စစ်ကားကို ထုတ်လုပ်ရောင်းချထားပါတယ်။

Xiaomi SU7 ကို Apple User တွေ အကြိုက်တွေ့ကြတာက CarPlay လို Apple Service တွေ ပါလို့ ဖြစ်ပါတယ်။ ဒါ့အပြင် SU7 မှာ iPad Integration ထောက်ပံ့ထားပြီး အနောက်ထိုင်ခုံကနေ ကားကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ပါတယ်။

Lei Jun က Xiaomi SU7 ကို Apple-friendly ကားဖြစ်အောင် ရည်ရွယ်ထားတယ်လို့ ပြောတဲ့အတွက် iPhone နဲ့ iPad User တွေ နှစ်သက်ကြပါတယ်။

Ref : gizmochina