Apple ကနေ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီးတော့ iPad အသစ်တစ်မျိုးကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခု iPad ကို 9.7″ iPad လို့ပဲ ခေါ်ဆိုတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်ကကြေငြာခဲ့တဲ့ iPad (2017) ထက် အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားခဲ့ပါတယ်။

Apple iPad 9.7″ 2018 Model မှာ Apple ရဲ့ A10 Fusion Chipset ကိုအသုံးပြုထားတာဖြစ်ပြီးတော့ အဆိုပါ Chipset ဟာ CPU မှာ 40% ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ GPU စွမ်းဆောင်ရည်မှာတော့ 50% ပိုပြီး စွမ်းဆောင်ရည်ကောင်းလာမှာပါ။

Apple ဟာ ကျန်တဲ့အရာတွေကိုတော့ ပြောင်းလဲခဲ့ခြင်းမရှိပဲ iPad အသစ်မှာ လက်ရှိ Apple iPad Pro မှာပဲ Support ပြုလုပ်တဲ့ Apple Pencil ကို အသုံးပြုလာတာဖြစ်ပါတယ်။ ဒါ့အပြင် Apple ကနေ ကျောင်းသားတွေဝယ်ယူနိုင်အောင် အခု iPad နဲ့ အသုံးပြုနိုင်တဲ့ Logitech Crayon Stylus ကိုပါ ၄၉ ဒေါ်လာနဲ့ ရောင်းချပေးမှာပါ။

အခု iPad ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၂၉ ဒေါ်လာပဲ ကျသင့်မှာဖြစ်ပြီး Storage အနေနဲ့လည်း 32GB ပါဝင်မှာဖြစ်ပါတယ်။