Apple ဟာ ထုတ်ကုန်တွေရဲ့ Supplier တွေနဲ့ Specs တွေအကြောင်းကို အမြဲတမ်း လျှို့ဝှက်ထားတယ်ဆိုတာ စမတ်ဖုန်း နယ်ပယ်က လူတိုင်း သိကြပါတယ်။ အခုတော့ Tim Cook ဟာ Sony စက်ရုံကို သွားပြီး CMOS Sensor တွေကို လေ့လာခဲ့ပါတယ်။

လေ့လာဆန်းစစ်သူတွေနဲ့ Fans တွေက ဒီအကြောင်းကို တော်တော် စိတ်ဝင်စားနေကြပြီး အခုတော့ Tim Cook က Apple ဟာ ဆယ်စုနှစ် ၁ ခုကျော်ကြာ Sony နဲ့ အလုပ်ပူးပေါင်းလုပ်နေတာလို့ ဝန်ခံလိုက်ပါတယ်။ Tim Cook က Sony CEO Kenichiro Yoshida ဟာ သူ့ကို Sony စက်ရုံ ၁ ရုံကို လိုက်ပါ ပြသနေတဲ့ ဓါတ်ပုံ ၁ ပုံကို တင်ထားပါတယ်။

Tim Cook confirms iPhones have been using Sony camera sensors for over a decade

Apple ဟာ ထုတ်ကုန်တွေရဲ့ ဘက်ထရီ၊ Chip နဲ့ မျက်နှာပြင် Supplier တွေကိုလည်း ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် Supply Chain လေ့လာဆန်းစစ်သူတွေက Corning ဟာ Apple ထုတ်ကုန်တွေရဲ့ အရှေ့နဲ့ အနောက် ဖန်မျက်နှာပြင်တွေ၊ Samsung နဲ့ LG က OLED Panel အများစုကို ထုတ်လုပ်ပေးထားတာလို့ သိထားကြပါတယ်။ Chips တွေကိုတော့ TSMC က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် Sony နဲ့ Apple တို့ရဲ့ ကင်မရာ ဟာ့ဒ်ဝဲအတွက် ပူးပေါင်းမှုရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် ရေရှည်လက်တွဲကြမယ်လို့ ထင်ပါတယ်။ တချို့သတင်းတွေအရ Sony ဟာ အလင်းရောင် ပိုဝင်ပြီး Exposure အတက်၊ အကျကို လျှော့ချပေးတဲ့ Sensor အသစ် ၁ ခုကို Semiconductor နည်းပညာကို သုံးကာ ဖန်တီးနေတယ်လို့ သိရပါတယ်။ သေချာတာက အဲဒီ Sensor ကို အနာဂတ် iPhone တွေမှာ ထည့်သွင်းထားမှာပါ။

Ref : gsmarena