[Zawgyi]

Qualcomm နဲ႔ Apple တို႔ ရင္ဆိုင္ေနရတဲ့ တရားစြဲဆိုမႈမွာ Apple ကေတာ့ ရႈံးနိမ့္ခဲ့ရပါၿပီ။ ဆန္ဒီယာဂိုမွာ ျပဳလုပ္တဲ့ ၾကားနာစစ္ေဆးမႈအၿပီးမွာ တရား႐ုံးကေတာ့ Apple ဟာ Qualcomm ရဲ႕ မူပိုင္ခြင့္ သုံးခုကို ခ်ိဳးေဖာက္ခဲ့တာ ထင္ရွားေၾကာင္း ေပၚလြင္တာေၾကာင့္ ေလ်ာ္ေၾကးေငြ ေဒၚလာ ၃၁ သန္း ေပးအပ္ဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

Apple က မူပိုင္ခြင့္ခ်ိဳးေဖာက္ခဲ့တဲ့ Qualcomm ရဲ႕ နည္းပညာသုံးမ်ိဳးဟာ ဖုန္းဖြင့္ထားခ်ိန္မွာ အင္တာနက္ကို အလ်င္အျမန္ခ်ိတ္ဆက္ႏိုင္တဲ့ နည္းပညာ၊ ဘက္ထရီသက္တမ္းေပါ သက္ေရာက္တဲ့ ဂရပ္ဖစ္ေျပာင္းလဲမႈနည္းပညာ နဲ႔ Processor နဲ႔ Modem ႏွစ္ခုၾကားက Shift traffic နဲ႔ ျမန္ဆန္တဲ့ ေဒါင္းလုဒ္ျဖစ္ေစတဲ့ နည္းပညာ ေတြပဲ ျဖစ္ပါတယ္။

Apple ဟာ ဒီနည္းပညာသုံးမ်ိဳးကို Qualcomm ရဲ႕ ခြင့္ျပဳခ်က္မရဘဲ iPhone ေတြမွာ ထည့္သြင္းအသုံးျပဳခဲ့တာေၾကာင့္ မူပိုင္ခြင့္အရ ေလ်ာ္ေၾကးေငြ ေဒၚလာ ၃၁ သန္းေပးေဆာင္ဖို႔ တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ Apple ကေတာ့ ဖုန္းဖြင္ထားခ်ိန္ အင္တာနက္ကို အလ်င္အျမန္ခ်ိတ္ဆက္ႏိုင္တဲ့ နည္းပညာဟာ ကုမၸဏီႏွစ္ခု အတူတြဲၿပီး ျပဳလုပ္ထားေၾကာင္း ေလွ်ာက္ထားခဲ့ေပမယ့္လည္း ပယ္ခ်ခံရပါတယ္။

Apple က Qualcomm ဟာ မူပိုင္ခြင့္ကို ကိုင္စြဲၿပီး ခြင့္ျပဳေၾကးေတြကို အဆမတန္တိုးျမႇင့္ခဲ့တယ္လို႔ ျပန္လည္ စြပ္စြဲထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Qualcomm ကေတာ့ Apple ကို အႏိုင္ရရွိခဲ့ၿပီး သူတို႔လိုခ်င္တဲ့ ေငြေၾကးပမာဏကို ရရွိသြားၿပီ ျဖစ္ပါတယ္။ တရား႐ုံးရဲ႕ လက္ရွိဆုံးျဖတ္ခ်က္ေၾကာင့္ က်န္ေသးတဲ့ တရားရင္ဆိုင္မႈေတြမွာလည္း Apple ဟာ ဖိအားေတြသက္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။

Ref: Cnet

[Unicode]

Qualcomm ကို လျော်ကြေး ဒေါ်လာ ၃၁ သန်း ပေးရတော့မယ့် Apple

Qualcomm နဲ့ Apple တို့ ရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှုမှာ Apple ကတော့ ရှုံးနိမ့်ခဲ့ရပါပြီ။ ဆန်ဒီယာဂိုမှာ ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုအပြီးမှာ တရားရုံးကတော့ Apple ဟာ Qualcomm ရဲ့ မူပိုင်ခွင့် သုံးခုကို ချိုးဖောက်ခဲ့တာ ထင်ရှားကြောင်း ပေါ်လွင်တာကြောင့် လျော်ကြေးငွေ ဒေါ်လာ ၃၁ သန်း ပေးအပ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Apple က မူပိုင်ခွင့်ချိုးဖောက်ခဲ့တဲ့ Qualcomm ရဲ့ နည်းပညာသုံးမျိုးဟာ ဖုန်းဖွင့်ထားချိန်မှာ အင်တာနက်ကို အလျင်အမြန်ချိတ်ဆက်နိုင်တဲ့ နည်းပညာ၊ ဘက်ထရီသက်တမ်းပေါ သက်ရောက်တဲ့ ဂရပ်ဖစ်ပြောင်းလဲမှုနည်းပညာ နဲ့ Processor နဲ့ Modem နှစ်ခုကြားက Shift traffic နဲ့ မြန်ဆန်တဲ့ ဒေါင်းလုဒ်ဖြစ်စေတဲ့ နည်းပညာ တွေပဲ ဖြစ်ပါတယ်။

Apple ဟာ ဒီနည်းပညာသုံးမျိုးကို Qualcomm ရဲ့ ခွင့်ပြုချက်မရဘဲ iPhone တွေမှာ ထည့်သွင်းအသုံးပြုခဲ့တာကြောင့် မူပိုင်ခွင့်အရ လျော်ကြေးငွေ ဒေါ်လာ ၃၁ သန်းပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ Apple ကတော့ ဖုန်းဖွင်ထားချိန် အင်တာနက်ကို အလျင်အမြန်ချိတ်ဆက်နိုင်တဲ့ နည်းပညာဟာ ကုမ္ပဏီနှစ်ခု အတူတွဲပြီး ပြုလုပ်ထားကြောင်း လျှောက်ထားခဲ့ပေမယ့်လည်း ပယ်ချခံရပါတယ်။

Apple က Qualcomm ဟာ မူပိုင်ခွင့်ကို ကိုင်စွဲပြီး ခွင့်ပြုကြေးတွေကို အဆမတန်တိုးမြှင့်ခဲ့တယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Qualcomm ကတော့ Apple ကို အနိုင်ရရှိခဲ့ပြီး သူတို့လိုချင်တဲ့ ငွေကြေးပမာဏကို ရရှိသွားပြီ ဖြစ်ပါတယ်။ တရားရုံးရဲ့ လက်ရှိဆုံးဖြတ်ချက်ကြောင့် ကျန်သေးတဲ့ တရားရင်ဆိုင်မှုတွေမှာလည်း Apple ဟာ ဖိအားတွေသက်ရောက်တော့မှာ ဖြစ်ပါတယ်။

Ref: Cnet