Zawgyi

Apple ကေန ဒီႏွစ္ထြက္ရွိထားတဲ့ iPhone 11 စမတ္ဖုန္းေတြကို သိသိသာသာကို ကင္မရာပိုင္းအဆင့္ျမႇင့္တင္မႈေတြျပဳလုပ္ထားၿပီးေတာ့ Ultrawide Lens လိုမ်ိဳး Hardware ပိုင္းအျပင္ Software ပိုင္းမွာလည္း Night Mode လို Feature အသစ္ေတြထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ Apple ကေန Keynote မွာပဲ ေျပာၾကားသြားခဲ့ၿပီးေတာ့ အခုအခ်ိန္အထိ အသုံးျပဳလို႔မရေသးတဲ့ Feature တစ္ခုက ရွိေနပါေသးတယ္။ ဒါကေတာ့ Deep Fusion Feature ပဲျဖစ္ၿပီးေတာ့ အဆိုပါ Feature က ဓါတ္ပုံ႐ိုက္တဲ့အခ်ိန္မွာ Frame ၈ ခုနဲ႔ Long Exposure Shot တစ္ခု႐ိုက္ယူၿပီးေတာ့ iPhone 11 ဖုန္းေတြမွာပါတဲ့ Neural Engine ကေန အေကာင္းဆုံး High Quality HDR ဓါတ္ပုံတစ္ခုအေနနဲ႔ ေျပာင္းလဲလိုက္တာပဲျဖစ္ပါတယ္။

Deep Fusion Feature ဟာ ပုံမွန္႐ိုက္ကူးတဲ့ ဓါတ္ပုံေတြနဲ႔ ယွဥ္မယ္ဆိုရင္ Details ေတြပိုေကာင္းေနမွာျဖစ္သလို Natural လည္းပိုၿပီး ဆန္ေနမွာပါ။ ဒါက Apple ရဲ႕ ေျပာၾကားခ်က္အရေတာ့ Google ရဲ႕ Pixel စမတ္ဖုန္းမွာ အသုံးျပဳသလိုမ်ိဳးပဲ Computational Photography ကို အသုံးျပဳလာတာလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အဆိုပါ Deep Fusion Feature ကို မၾကာခင္ထုတ္ေပးေတာ့မယ့္ iOS 13.2 Beta မွာ စတင္အသုံးျပဳႏိုင္ေတာ့မွာျဖစ္ၿပီးေတာ့ Stable အေနနဲ႔လည္း ယခုႏွစ္ကုန္ပိုင္းမွာစတင္ရရွိလာမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ အဆိုပါ Deep Fusion Feature ဟာ A13 Bionic Processor ပါဝင္တဲ့ iPhone 11 ၊ iPhone 11 Pro နဲ႔ iPhone 11 Pro Max ဖုန္းေတြမွာပဲ ရရွိမွာပါ။

Ref – GSM Arena

Unicode

Apple ကနေ ဒီနှစ်ထွက်ရှိထားတဲ့ iPhone 11 စမတ်ဖုန်းတွေကို သိသိသာသာကို ကင်မရာပိုင်းအဆင့်မြှင့်တင်မှုတွေပြုလုပ်ထားပြီးတော့ Ultrawide Lens လိုမျိုး Hardware ပိုင်းအပြင် Software ပိုင်းမှာလည်း Night Mode လို Feature အသစ်တွေထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Apple ကနေ Keynote မှာပဲ ပြောကြားသွားခဲ့ပြီးတော့ အခုအချိန်အထိ အသုံးပြုလို့မရသေးတဲ့ Feature တစ်ခုက ရှိနေပါသေးတယ်။ ဒါကတော့ Deep Fusion Feature ပဲဖြစ်ပြီးတော့ အဆိုပါ Feature က ဓါတ်ပုံရိုက်တဲ့အချိန်မှာ Frame ၈ ခုနဲ့ Long Exposure Shot တစ်ခုရိုက်ယူပြီးတော့ iPhone 11 ဖုန်းတွေမှာပါတဲ့ Neural Engine ကနေ အကောင်းဆုံး High Quality HDR ဓါတ်ပုံတစ်ခုအနေနဲ့ ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။

Deep Fusion Feature ဟာ ပုံမှန်ရိုက်ကူးတဲ့ ဓါတ်ပုံတွေနဲ့ ယှဥ်မယ်ဆိုရင် Details တွေပိုကောင်းနေမှာဖြစ်သလို Natural လည်းပိုပြီး ဆန်နေမှာပါ။ ဒါက Apple ရဲ့ ပြောကြားချက်အရတော့ Google ရဲ့ Pixel စမတ်ဖုန်းမှာ အသုံးပြုသလိုမျိုးပဲ Computational Photography ကို အသုံးပြုလာတာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Deep Fusion Feature ကို မကြာခင်ထုတ်ပေးတော့မယ့် iOS 13.2 Beta မှာ စတင်အသုံးပြုနိုင်တော့မှာဖြစ်ပြီးတော့ Stable အနေနဲ့လည်း ယခုနှစ်ကုန်ပိုင်းမှာစတင်ရရှိလာမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဆိုပါ Deep Fusion Feature ဟာ A13 Bionic Processor ပါဝင်တဲ့ iPhone 11 ၊ iPhone 11 Pro နဲ့ iPhone 11 Pro Max ဖုန်းတွေမှာပဲ ရရှိမှာပါ။

Ref – GSM Arena