Apple Fan ၁ ယောက်ဟာ Apple တည်ထောင်သူ Steve Jobs ရဲ့ ခြေညှပ်ဖိနပ် အဟောင်းကို ဒေါ်လာ ၂၁၈,၀၀၀ ကျော်နဲ့ ဝယ်သွားပါတယ်။ Birkenstock ခြေညှပ်ဖိနပ် ဖြစ်ပြီး ဖိနပ်ဟာ ချွေးစားထားလို့ အရောင် လွင့်နေပေမယ့် ဝယ်ယူသူဟာ Steve Jobs ရဲ့ အမှတ်တရ အဖြစ် ငွေကြေးများစွာပေးခဲ့တာပါ။  ဝယ်ယူသူဟာ အမည်မဖော်ပြဘဲ Julien’s House က ပြုလုပ်တဲ့ Icons & Idols: Rock ‘N’ Roll လေလံပွဲကနေ ဝယ်ယူခဲ့တာပါ။

Apple

Julien’s House က Steve Jobs ရဲ့ ယခင် နေအိမ် မန်နေဂျာ Mark Sheff က အဲဒီ ဖိနပ် အဟောင်းကို သိမ်းဆည်းထားတာလို့ ပြောပါတယ်။ Sheff ဟာ Steve Jobs အိမ်မှာ အလုပ်လုပ်နေတုန်းက အမှိုက်ပုံထဲကနေ အဲဒီ ဖိနပ်ကို သိမ်းထားတာပါ။

Steve Jobs: This is what it really takes to achieve great success

Julien’s House က ဖိနပ်အတွက် ဒေါ်လာ ၆၀,၀၀၀ လောက်ပဲ ရမယ်လို့ မျှော်မှန်းထားပေမယ့် ၄ ဆနီးပါး ဖြစ်တဲ့ ဒေါ်လာ ၂၁၈,၇၅၀ ကို ရသွားတာပါ။ လေလံအောင်သူကို ဖိနပ်ရဲ့ ၃၆၀ ဒီဂရီကို ပြသထားတဲ့ NFT ကိုပါ ပေးအပ်ထားပါတယ်။

Apple တည်ထောင်သူ Steve Jobs ဟာ နည်းပညာ ဆန်းသစ်တဲ့ iPhone, Laptop , Smartwatch နဲ့ တခြား နည်းပညာ ထုတ်ကုန်တွေကို ဖန်တီး ရောင်းချခဲ့လို့ လူသန်းပေါင်းများစွာရဲ့ နှစ်သက်မှုကို ခံခဲ့ရပါတယ်။ အခုလို ဖိနပ်အဟောင်းကို ဒေါ်လာ ၂၀၀,၀၀၀ ကျော်နဲ့ ဝယ်ယူသွားသူကတော့ Steve Jobs ရဲ့ အမာခံ Fan ကြီးလို့ ပြောနိုင်ပါတယ်။

Ref : gizmochina